တိုက်ပွဲဖြစ်ပွားရာကျေးရွာများမှ ထွက်ပြေးရောက်ရှိလာကြသောဒုက္ခသည် ၄၀၀၀ ခန် ့ကို ကျောက်မဲမြို ့နယ်တွင် စစ်ပြေးဒုက္ခသည် စခန်းပေါင်း ၁၈ ခုဖွင့်လှစ်ပြီး ကူညီ

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း(RCSS/SSA) နှင့် ပလောင်(တအောင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) လက်နက်ကိုင်အဖွဲ့တို့၏တိုက်ပွဲများကြောင့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်အထိ တိုက်ပွဲဖြစ်ပွားရာကျေးရွာများမှ ထွက်ပြေးရောက်ရှိလာကြသောဒုက္ခသည် ၄၀၀၀ ခန့်ကို ကျောက်မဲမြို့နယ်တွင် စစ်ပြေးဒုက္ခသည် စခန်းပေါင်း ၁၈ ခုဖွင့်လှစ်ပြီး ကူညီလျှက်ရှိသည်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ ဘိုဘို မဇ္ဈိမ ) ဒုက္ခသည်စခန်းသို့ရောက်ရှိလာသူ အများစုမှာ ရှမ်းတိုင်းရင်းသားများ ဖြစ်ကာ ပလောင်တိုင်းရင်းသားများလည်းပါရှိကြပြီး ဖြစ်ပွားနေသောတိုက်ပွဲများကြောင့်ဒုက္ခသည်များ နေရပ်ကို ဘေးကင်းလုံခြုံ စွာ ပြန်နိုင်ရေးအတွက် အစိုးရပိုင်းတာဝန်ရှိသူများမှလည်း ယခုချိန်အထိ အာမခံပေးမှုမရှိသေးပဲ ဒုက္ခသည်စခန်းများတွင်သာခိုလှုံနေရဆဲဖြစ်သည်။