မြန်မာ့လက်ရွေးစင်အသင်း သုဝဏ္ဏကွင်း၌ ပဏာမကစားသမား ၂၆ ဦးဖြင့် ဒုတိယအကြိမ်မြောက် စုစည်းလေ့ကျင့်မှု

မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ဖေဖော်ဝါရီလ ၁၀ ရက် (ယနေ့ညနေပိုင်း) တွင် သုဝဏ္ဏကွင်း၌ ပဏာမကစားသမား ၂၆ ဦးဖြင့် ဒုတိယအကြိမ်မြောက် စုစည်းလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။   မြန်မာ့လက်ရွေးစင်အသင်းသည် လာမည့် မတ်လ ၂၃ ရက်တွင် စင်ကာနိုင်ငံ၌ စင်ကာပူလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ၊ မတ်လ ၂၇ ရက်တွင် လက်ဘနွန်အသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကစားရမည် ဖြစ်သည့်အတွက် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စုစည်းလေ့ကျင့်လျက်ရှိသည်။
ဓာတ်ပုံ-ရွှေဘုတ် / Mizzima