NLD ပါတီ တံဆိပ် နဲ့ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံပါ စတေကာကို မော်တော်ယာဉ်တွေမှာ ကပ်နေ

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် NLD ပါတီကို ထောက်ခံကြသူများက ၎င်းတို့၏ မော်တော်ယာဉ်များ ပေါ်တွင် NLD ပါတီ နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံပါ စတေကာများကို ကားနောက်ဖုံး နှင့် အရှေ့နေကာများတွင် လာရောက်ကပ်နေကြသည်။

 

သြဂုတ်လ ၂၁ ရက်နေ့ သင်္ဃန်းကျွန်းမြို့နယ် ဘုရင့်နောင်လမ်းရှိ New life Advertising Group တွင်ပြုလုပ်နေခြင်းဖြစ်ပြီး လက်ရှိတွင် ယာဉ်အစီး ၂၀ ခန့်ကပ်ထားပြီးစီပြီ ဖြစ်ကြောင်း သိရသည်။

One Way အမည်ရ အဆိုပါစတေကာများသည် ကားနောက်ဖုံးမှန်ပေါ်တွင် ကပ်ခြင်းဖြင့် ကားအတွင်းပိုင်းမှ ကြည့်လျှင်မြင်ရကြောင်း ကားပိုင်ရှင်များက ဆိုသည်။  

ကားတစ်စီးလုံးကို စတေကာကပ်မည်ဆိုပါက ကာလတန်ကြေး၁သိန်းခွဲ ခန့်ကြသင့်မည် ဖြစ်ပြီး ၊အရှေ့နေကာ နှင့် အနောက် ဖုံးဆိုလျင် ၂သောင်းခွဲမှာ ၃သောင်းခွဲခန့် ကြသင့်မည် သိရသည်။  

ဓာတ်ပုံ -  သက်ကို / မဇ္ဈိမ

သတင်း  - ထွန်းထွန်းဝင်း  / မဇ္ဈိမ