ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် လမ်းဖွင့်ပွဲ ပြုလုပ်

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် လမ်းဖွင့်ပွဲ ပြုလုပ်

******************************

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၄နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ် ၃၈ လမ်း ၇၃ လမ်းနှင့် ၇၈ လမ်းအကြား နိုင်လွန်ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၉ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

အရှည်ပေပေါင်း ၂၈၀၀ ကျော် ရှိသောအဆိုပါလမ်းကို ဒေါ်အောင်ဆန်းစုကြည်လမ်းဟုနာမည်ပေးမည့်အစီအစဉ် ယခင်က ရှိခဲ့သော်လည်း လမ်းပိုင်း တိုနေသည့်အတွက် နာမည်မပေးဖြစ်တော့ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားပြီး ကော်မတီဝင်များနှင့် သူ၏ ရင်ထဲတွင် ဒေါ်အောင်ဆန်းစုကြည်လမ်းဟု အမည်ပေးထားကြောင်း မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

ဓာတ်ပုံ ဘိုဘို မဇ္စျိမ