လောင်းလုံးမြို့နယ်တွင် စစ်တပ်ထုတ်ကုန် အားမပေးရန် တော်လှန်ရေးလူငယ်များက စည်းရုံးလှုံ့ဆော်

ဇန်နဝါရီလ ၁၄ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊လောင်းလုံးမြို့နယ်တွင် ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့က ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ကာ စစ်တပ်ထုတ်ကုန်များကို အားမပေးရန် စည်းရုံးလှုံ့ဆော်ခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုတွင် စစ်တပ်ထုတ်ကုန်များကို မသုံးစွဲရန် စည်းရုံးဟောပြောခြင်း၊ သပိတ်မှောက်ရမည့် စစ်တပ်ထုတ်ကုန်များ၏ စာရင်းပါရှိသည့် စာရွက်များဖြန့်ဝေခြင်း၊ စတေကာကပ်ခြင်းများ ပြုလုပ်ကြကြောင်း ဦးဆောင်သူများထံမှ သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)