လောင်းလုံးမှာ "သတ္တိရှိရင် သေနတ်ချပြီး တနပ်လောက် အုပ်ချုပ်ကြည့်" ဟု တော်လှန်ရေး လူငယ်တွေ လမ်းလျှောက် ချီတက် ဆန္ဒပြ

နိုဝင်ဘာလ ၂၁ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် အတွင်း ဆန္ဒပြ လူငယ်များနှင့် ဒေသခံများကို အကြောင်းမဲ့ ပစ်ခတ် ဖမ်းဆီး သေဆုံးမှုနှင့် ပတ်သက်ပြီး "သတ္တိရှိရင် သေနတ်ချပြီး တနပ်လောက် အုပ်ချုပ်ကြည့်" ဟု ဘန်နာ ကိုင်ဆွဲပြီး နိုဝင်ဘာလ ၂၁ ရက်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူလူထုကို သေနတ်ကိုင်ဆောင်ပြီး မတရားအနိုင်ကျင့် အုပ်ချုပ်နေသည့်အတွက် စစ်ကောင်စီသည် သေနတ်သာ မရှိပါက တိုင်းပြည်ကို တနပ်လောက်တောင် အုပ်ချုပ်ခွင့်ရမှာ မဟုတ်ကြောင်း ယင်း ဆန္ဒပြလှုပ်ရှားသည့် ဦးဆောင်သူက ပြောဆို သွား သည်။

လက်ရှိတွင် ထားဝယ်ခရိုင်ထဲတွင် လောင်းလုံးမြို့နယ် အပါဝင် မြို့နယ် တချို့တွင် စစ်ကောင်စီတပ်သားများက ပြည်သူလူထုများကို အကြောင်းမဲ့ ပစ်ခတ်ဖမ်းဆီးမှုများ ယခုရက်ပိုင်းအတွင်း ပြည်သူများကို အာဏာဖီဆန် မတော်လှန်ရဲအောင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)