ယင်းမာပင်မြို့နယ်အတွင်းမှ ကျောင်းတစ်ကျောင်းတွင် ဆောင်းရာသီအားကစားပွဲတော် ကျင်းပ

နိုဝင်ဘာလ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန ၏လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ထားသော ကျောင်းတစ်ကျောင်းတွင် ဆောင်းရာသီအားကစားပွဲတော် ကျင်းပခဲ့ ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့က ကျင်းပပြုလုပ်ခဲ့သော အားကစားပွဲတော်တွင် ဘော်လုံး၊ ပိုက်ကျော်ခြင်းနှင့် အပြေးပြိုင်ပွဲများအပါဝင် အားကစားနည်း ၁၀ မျိုး ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရ သည်။

“ကလေးတွေကို ပညာရေမြင့်မားစေဖို့အတွက် ကြားကာလပညာရေးဖော်ဆောင်ရေးကို ဖော်ဆောင်နေ ခြင်းဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ အားလုံးလိုလားနေတဲ့ ဒီမိုကရေစီကို ဝိုင်းဝန်းလုပ်ဆောင်ပေးကြပါ။ ဖော်ဆောင်ပေးကြပါလို့ ပြောချင်ပါတယ်” ဟု ဆောင်းရာသီအားကစားပွဲတော်ကျင်းပခဲ့သည့်ကျောင်းမှ လက်ထောက်ကျောင်းအုပ်က ပြောသည်။

ယခုအားကစားပြိုင်ပွဲကို ကလေးများ၏ ကျန်းမာကြံ့ခိုင်ရေးနှင့် စည်းလုံးညီညွတ်စွာ ကိစ္စအဝဝကိုပါဝင် ဆောင်ရွက်တတ်စေရေးအတွက် အားကစားပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်အတွင်း အမျိုးသားညီညွတ်ရေးအစိုရ(NUG) ပညာရေးဝန်ကြီးဌာန လမ်းညွှန်မှုဖြင့် ကျောင်းများဖွင့်လှစ်လျက်ရှိပြီး အားကစားပွဲများ၊ ပညာစုံညီပွဲများ ကျင်းပလေ့ရှိကြောင်းသိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ