လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လမ်းလျှောက် ချီတက်ဆန္ဒပြ

နိုဝင်ဘာလ ၁၆ ရက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက မြို့မရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ ရှိရာနေရာများတွင် အကြမ်းမဖက် လှုပ်ရှားမှု လမ်းလျှောက် ချီတက်ဆန္ဒဖော်ထုတ်ကြကြောင်း ဦးဆောင်သူများထံမှ သိရသည်။

တော်လှန်ရေး လူငယ်များက ဦးဆောင်၍ "မတရားမှုကို ဆန့်ကျင်မယ်၊ အမှန်တရား အတွက် ခွပ်ဒေါင်းတွေ သေရဲတယ်" ဆိုသည့် ဘန်နာ ကိုင်ဆွဲကာ ချီတက်ဆန္ဒပြ ကြခြင်းဖြစ်သည်ဟု သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)