“ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှုပ်ကြ” ရွာပေါင်းစုံသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

နိုဝင်ဘာလ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ ယနေ့နိုဝင်ဘာလ ၁၅ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှုပ်ကြ” စာတန်းကို ကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြကာ ကျဆုံးခဲ့ရသော အာဇာနည် ရဲဘော်အပေါင်းအား အလေးပြုခဲ့ကြသည်။

ယနေ့ချီတက်မှုသည် ရွာပေါင်းစုံသပိတ်စစ်ကြောင်း၏ ၆၁၄ ရက်မြောက်နေ့အဖြစ် ချီတက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)