“စစ်ပုံကျကျပြင်ဆင် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်”ကလေးမြို့ ပင်မသပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

နိုဝင်ဘာလ ၁၄ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ရက်ပေါင်း ၆၄၆ ရက်မြောက်နေ့အဖြစ် ယနေ့ နိုဝင်ဘာလ ၁၄ရက်တွင် ချီတက်ဆန္ဒပြကြသည်။

ပင်မသပိတ်စစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝိုင်းရံလျက် “စစ်ပုံကျကျပြင်ဆင် ဖက်ဆစ်တပ်ကို အမြစ်ဖြတ်”စာတန်းကိုင်ဆွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ဆန့်ကျင်ကန့်ကွက် သပိတ်မှောက်နေကြခြင်း ဖြစ်သည်။

စာတည်း - ဖူးသိမ်ကျ

စာမူတည်းဖြတ်- သန့်ဇော်(သန်လျင်)