ရွာပေါင်းစုံ သပိတ် ၅၈၀ ရက်မြောက် ချီတက်ဆန္ဒပြ

အောက်တိုဘာလ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲ ၅၈၀ ရက်နေ့မြောက်အဖြစ် အောက်တိုဘာလ ၁၂ရက် ယနေ့တွင်ပြုလုပ်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “Accept NUG & Our ambassador, Reject Dictator” ဟူသော စာတန်းအားကိုင်ဆွဲပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် သံအမတ်ဦးကျော်မိုးထွန်းအား ထောက်ခံပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။