ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၅၂၀ ရက်မြောက် ချီတက်ဆန္ဒပြ

အောက်တိုဘာလ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် အခက်အခဲအကျပ်အတည်းများကြားမှ ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြသည်။

သပိတ်စစ်ကြောင်းသည် "Accept NUG and Our Ambassador, Reject Dictator"စာသားပါဘန်နာနှင့် "သွေးမအေးတဲ့ရွှေနွယ်သွေး"စာသားပါဘန်နာတို့ကို ကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ခဲ့ကြခြင်းဖြစ်သည်။

“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” သည် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်နေရာတွင် ဦးကျော်မိုးထွန်းအား သံအမတ်ကြီးအဖြစ် ပြန်လည်ခန့်အပ်ရန်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၂၀ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ကြခြင်းဖြစ်သည်ဟု သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)