ဦးကျော်မိုးထွန်းနှင့် NUG ကို ထောက်ခံသည့် ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒထုတ်ဖော်

အောက်တိုဘာ ၄ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာအချို့မှ ဒေသခံများက အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ကုလသမဂ္ဂ သံအမတ် ဦီးကျော်မိုးထွန်း အား ထောက်ခံကြောင်းနှင့် စစ်အာဏာရှင် အလိုမရှိကြောင်း ချီတက်ဆန္ဒထုတ်ဖော် ကြသည်။

ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၇၂ ရက် မြောက် အဖြစ် ယနေ့ အောက်တိုဘာ ၄ရက်နေ့တွင် ဆက်လက် ချီတက်ဆန္ဒထုတ်ဖော် ကြခြင်းဖြစ်သည်။

လူထုသပိတ်စစ်ကြောင်းသည် “Accept NUG & Our ambassador, Reject Dictator” စာတမ်းကို ဆွဲကိုင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြကြခြင်း ဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ