ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း ၅၆၃ရက်မြောက် ဆက်လက်သပိတ်မှောက်

ဩဂုတ်လ ၂၄ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ရက်ပေါင်း ၅၆၃ ရက်မြောက်အဖြစ် ဩဂုတ်လ ၂၄ ရက် ယနေ့တွင် ဆက်လက် ဆန္ဒပြသည်။

“ဘယ်မျဉ်းစောင်းထိထိ ငါတို့နဲ့ငြိတာပဲ”စာတမ်းကို ကလေးမြို့ရှိ တံတားပေါ်တွင် ချိတ်ဆွဲ၍ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက် ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက်ဆန္ဒပြနေခြင်း ဖြစ်သည်။

(ပုံသတင်း)

စာတည်း ။ ။ စောဖေ