ဩဂုတ်လ ၂၂ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၆၁ မြောက်အဖြစ် ဩဂုတ်လ ၂၂ရက် ယနေ့တွင် ဆက်လက်ဆန္ဒပြသည်။
“Reject Military to Stop Inhumanity Accept NUG to Save Democracy” စာတန်းကို ကိုင်စွဲ၍ စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ ကြသည်။
ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၇ ရက်၊ ၂၀၂၁ မှ စတင်၍ နေ့စဉ် မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)