"အောင်နိုင်စိတ်ထား စစ်ကိုင်းသား၊ သမိုင်းထူမယ့် စစ်ကိုင်းသူ” ချင်းတွင်းမြစ် အနောက်ဖက်ကမ်း သပိတ် ဆန္ဒပြ

ဩဂုတ်လ ၂၁ ရက်

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဖက်ကမ်းသပိတ်က "အောင်နိုင်စိတ်ထား စစ်ကိုင်းသား၊ သမိုင်းထူမယ့် စစ်ကိုင်းသူ" ဘန်နာကို ကိုင်စွဲကာ ယနေ့ ဩဂုတ်လ ၂၁ ရက်နေ့တွင် ချီတက်ဆန္ဒပြကြ သည်။

“စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းစစ်ကောင်စီက ဘယ်လောက်ပဲ မီးတွေရှို့နေပါစေ၊ ဘယ်လောက်ပဲ လေယာဥ်တွေနဲ့ တိုက်ခိုက်နေပါစေ စိတ်ဓာတ်လုံးဝကျဆင်းသွားခြင်းမရှိဘဲ စစ်ကောင်စီကို မြေပေါ် မြေအောက် ဟန်ချက်ညီစွာ တော်လှန်နေဆဲဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် စစ်ကိုင်းတိုင်းရဲ့ နေရာအတော်များများ ပြာတလင်းပြင်အဖြစ်သို့ ရောက်ရှိနေပြီး စစ်ရှောင်ပြည်သူ များလည်း ပေါများနေပါတယ်။ သို့ပေမယ့် စစ်ကိုင်းတိုင်းကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ် တွေဟာလည်း ပြန်လမ်းမဲ့စွာ အဝီစိငရဲသို့ ရောက်ရှိလျှက်ရှိပါတယ်” ဟု ချင်းတွင်းမြစ် အနောက်ဖက်ကမ်း သပိတ်ကော်မတီဝင်တစ်ဦးက ပြောသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ စောဖေ