လိုင်ဇာတွင် KIO အမျိုးသမီးများနေ့ အခမ်းအနားကျင်းပ

ဩဂုတ်လ ၁၉ ရက်

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ KIO အမျိုးသမီးများနေ့ကို ယနေ့ သြဂုတ်လ ၁၉ ရက်နေ့က ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ရှိ မနောကွင်းအိမ်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် KIO ၏ ဌာနအသီးသီး၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် လုပ်သက် ၂၀ နှစ်ပြည့်၊ ၁၀ နှစ်ပြည့် နှင့် လုပ်သက် ငါး နှစ်ပြည့် အမျိုးသမီးဝန်ထမ်း ၁၀၈ ဦးကို ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

KIO အမျိုးသမီးများနေ့ အခမ်းအနားသို့ အမျိုးသမီးဝန်ထမ်း ဦးရေ ပေါင်း ၁,၀၀၀ကျော်ပါဝင်ဆင်နွှဲခဲ့ကြပြီး KIO ထိန်းချုပ်ရာဒေသ ဝေကြိုင်၊ ဂျေယန်းနှင့် ဖွမ်လွမ်ယန် စစ်ရှောင်စခန်းတွင်လည်း ပြုလုပ်ခဲ့ကြကြောင်း KIO သတင်းပြန်ကြားရေးအဖွဲ့ ထံက သိရသည်။

ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် KIO အမျိုးသမီးများနေ့သည် (၄၅) ကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ် ။ ။ အောင်ကျော်ဖြိုး