“ပြာပုံကနေပြည်သစ်တည် အတူရုန်းကန်ဖေးမမည်” ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း ဆက်လက်ချီတက် ဆန္ဒပြ

ဩဂုတ်လ ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရက်ပေါင်း ၅၅၂ ရက် မြောက်အဖြစ်ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြသည်။

ပင်မသပိတ်စစ်ကြောင်းသည် “ပြာပုံကနေပြည်သစ်တည် အတူရုန်းကန်ဖေးမမည်” စာတမ်းကို ကိုင်စွဲ၍ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြသည်။

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်၍ မပျက်မကွက် ချီတက် ဆန္ဒပြနေခြင်း ဖြစ်သည်။

စာတည်း။ ။ မောင်ကောင်း