၂၀၂၀-၂၁ ရာသီအတွက် ပရီးမီးယားလိဂ်ဇယားအပြည့်အစုံကို စူပါကွန်ပျူတာ ခန့်မှန်း

၂၀၂၀-၂၁ ရာသီအတွက် ပရီးမီးယားလိဂ်ဇယားအပြည့်အစုံကို စူပါကွန်ပျူတာ ခန့်မှန်း

လီဗာပူးလ်အသင်းဟာ ဒီရာသီ သူ့တို့ရဲ့ ပရီးမီးယားလိဂ်ဖလားကို အောင်မြင်စွာ ကာကွယ်နိုင်လိမ့်မယ်လို့ စူပါကွန်ပျူတာဆီက အံ့အားသင့်ဖွယ် ရလဒ်တွေအရ သိရပါတယ်။ 

talkSPORT' ရဲ့ စူပါကွန်ပျူတာက ယာဂန် ကလော့ပ်ရဲ့ အသင်းဟာ တနင်္ဂနွေနေ့က အီတီဟတ်ကွင်းမှာ ၁-၁ ဂိုးနဲ့ သရျေက်ပြီးနောက် မန်စီးတီးကို လိဂ်ပြိုင်ပွဲမှာ ကျော်ဖြတ်ပြီး အနိုင်ယူလိမ့်မယ်လို့ ခန့်မှန်းထားတာပါ။ 

ချယ်လ်ဆီး၊ တော့တင်ဟမ်နဲ့ လက်စတာတို့ဟာ အဆင့် ၃၊ ၄ နဲ့ ၅ တို့မှာ အသီးသီး ရပ်တည်မှုနဲ့အတူ ဒီအသင်းတွေဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်လို့ စူပါကွန်ပျူတာက ခန့်မှန်းပါတယ်။ 

အပြာရောင်မြေခွေးတွေဟာ အဆင့် ၅ နေရာမှာ ရှိနေပေမယ့် ချန်ပီယံလိဂ်ကို ဝင်ခွင့်ရမယ်လို့ ခန့်မှန်းခဲ့တာလည်းဖြစ်ပါတယ်။ 

အာဆင်နယ်ဟာ အဆင့် ၆ နဲ့ အဆုံးသတ်ပြီး ယူရိုပါလိဂ်ဝင်ခွင့်ရမယ်လို့ ခန့်မှန်းထားပါတယ်။ 

လိဂ်အဖွင့်ပွဲ ၅ ပွဲအနိုင်ရခဲ့တဲ့ အဲဗာတန်ဟာ အဆင့် ၈ နေရာ ရမယ့် မန်ချက်စတာယူနိုက်တက်တို့ရဲ့အထက် အဆင့် ၇ နေရာနဲ့ ပြိုင်ပွဲရာသီကို အဆုံးသတ်မယ်လို့ မျှော်မှန်းထားပါတယ်။ 

ဖူဟမ်၊ ဝက်စ်ဘရွန်းနဲ့ ဘန်လေတို့ဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားမယ်လို့ ခန့်မှန်းတွက်ဆထားတဲ့ အသင်း ၃ သင်းပါပဲ။ 

၂၀၂၀-၂၁ ရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအတွက် စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်တွေကို အောက်မှာ ဖော်ပြထားပါတယ်။ 

၂၀။ ဖူဟမ် (တန်းဆင်း) 
၁၉။ ဝက်စ်ဘရွန်း (တန်းဆင်း) 
၁၈။ ဘန်လေ (တန်းဆင်း) 
၁၇။ ရှက်ဖီးလ်ယူနိုက်တက် 
၁၆။ ဘရိုက်တန် 
၁၅။ လိဒ် 
၁၄။ နယူကားဆယ် 
၁၃။ ခရစ္စတယ် ပဲလေ့စ် 
၁၂။ ဝက်စ်ဟမ်း 
၁၁။ ဝုဗ်စ် 
၁၀။ အက်စတွန် ဗီလာ 
၉။ ဆောက်သမ်တန် 
၈။ မန်ချက်စတာ ယူနိုက်တက် 
၇။ အဲဗာတန် 
၆။ အာဆင်နယ် (ယူရိုပါလိဂ်ဝင်ခွင့်ရ) 
၅။ လက်စတာ (ချန်ပီယံလိဂ်ဝင်ခွင့်ရ) 
၄။ တော့တင်ဟမ် (ချန်ပီယံလိဂ်ဝင်ခွင့်ရ) 
၃။ ချယ်လ်ဆီး (ချန်ပီယံလိဂ်ဝင်ခွင့်ရ) 
၂။ မန်ချက်စတာ စီးတီး (ချန်ပီယံလိဂ်ဝင်ခွင့်ရ) 
၁။ လီဗာပူးလ် (ပရီးမီးယားလိဂ်ချန်ပီယံ) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly