ဆေးရုံမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရာဂါ ကုသခံယူအပြီး ပီလီ 'တိုးတက်ကောင်းမွန်လာမှု'ကို ပြသနေ

ဆေးရုံမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရာဂါ ကုသခံယူအပြီး ပီလီ 'တိုးတက်ကောင်းမွန်လာမှု'ကို ပြသနေ

ပီလီဟာ ဆော်ပေါ်လိုက ဆေးရုံတစ်ခုမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါအတွက် ကုသမှုခံယူပြီးနောက် 'တိုးတက်ကောင်းမွန်လာမှု' လက္ခဏာတွေ ပြသနေပါတယ်။

ဂန္ထဝင်ပုဂ္ဂိုလ်ကို ဆေးစစ်မှုတွေပြုလုပ်ဖို့ ဆေးရုံကို ခေါ်ဆောင်သွားပြီးနောက် သူ့ရဲ့ အခြေအနေဟာ ပြန်လည်ကောင်းမွန်လာတယ်လို့ ဘရာဇီးလ်စာစောင် Globo က ဖော်ပြခဲ့ပါတယ်။

အသက် ၈၂ နှစ်အရွယ်ရှိသူဟာ 'တည်ငြိမ်တဲ့လက္ခဏာတွေ' ပြသနေကြောင်း 'သတိရှိ' ပြီး 'နောက်ထပ် ရှုပ်ထွေးမှုတွေ မရှိတော့ဘူး'လို့ သူတို့က ထပ်လောင်းပြောပါတယ်။

၁၉၅၈၊ ၁၉၆၂ နဲ့ ၁၉၇၀ တွေမှာ သူ့ရဲ့ ကစားသမားဘဝမှာ ကမ္ဘာ့ဖလား သုံးကြိမ် ဆွတ်ခူးခဲ့တဲ့ အသက် ၈၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးသားကြီးဟာ Covid ကြောင့် ပိုမိုဆိုးရွားလာတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးဆက်တာကို ကုသဖို့အတွက် ဆေးရုံကို တက်ရောက်ခဲ့ရတာပါ။

သူဟာ သေလုမျောပါးဖြစ်မှာကို ကနဦးစိုးရိမ်မှုတွေရှိနေပေမယ့် သူ့ရဲ့သမီးတွေဖြစ်တဲ့ ဖလာဗီးယားနဲ့ ကီလီ နာဆာမန်တိုတို့က ဒီသတင်းတွေကို အလျင်အမြန်ပဲ ပယ်ချပစ်ကာ သူ နေမကောင်းဘူးလို့ ဆိုပေမယ့် ဘရာဇီးလ်အသင်းကို ကမ္ဘာ့ဖလားရဖို့ သူတို့ကြိုးပမ်းရာမှာ အားပေးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။။

ဘရာဇီးလ်တိုက်စစ်မှူးဟောင်းကြီးဟာ အူမကြီးကင်ဆာ ကုသဖို့ ဓာတုကုထုံးကို ဆိုင်းငံ့ထားပြီးနောက် ဘက်စုံ ဝေဒနာပြုစုကုသမှုဆီ ပြောင်းရွှေ့ခံခဲ့ရပါတယ်။

ဒါပေမယ့် စနေနေ့က ဆော်ပေါ်လိုမှာ သူ့ကို ကုသနေတဲ့ ဆရာဝန်တွေရဲ့ နောက်ဆုံးသတင်းက ပိုကောင်းတဲ့ ပုံရိပ်ကို ပြသခဲ့ပါတယ်။

‘‘သူဟာ ဆေးကုသမှု ခံယူနေရဆဲဖြစ်ပြီး ကျန်းမာရေး အခြေအနေကတော့ တည်ငြိမ်နေပါတယ်။ သူဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မှု စောင့်ရှောက်တာကို ကောင်းကောင်း တုံ့ပြန်နိုင်ခဲ့ပြီး နောက်ဆုံး ၂၄ နာရီအတွင်း အခြေအနေ ပိုဆိုးမလာခဲ့ဘူး”လို့ ဆရာဝန်တွေက ပြောပါတယ်။

တောင်ကိုရီးယားကို ၄-၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ ရှုံးထွက် ၁၆ သင်းအဆင့် ပွဲမတိုင်ခင် ဘရာဇီးလ်က ကံကောင်းပါစေလို့ ဆုတောင်းပေးခဲ့တဲ့ ပီလီရဲ့ တရားဝင်အကောင့်ကနေ တနင်္လာနေ့က တွစ်တာမှာ ရေးတင်ခဲ့ပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly