ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပွဲဦးထွက် vs ပီအက်စ်ဂျီနဲ့ မက်ဆီတို့ပွဲကို ကြည့်ဖို့ အွန်လိုင်း လက်မှတ် တောင်းဆိုမှု ပရိသတ် ၂ သန်းကျော်ရှိပြီး တွေ့ဆုံခွင့်ရဖို့ ဒေါ်လာ ၂.၆၆ သန်းနဲ့ စီးပွားရေးသမားတစ်ဦး ကမ်းလှမ်း

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ပွဲဦးထွက် vs ပီအက်စ်ဂျီနဲ့ မက်ဆီတို့ပွဲကို ကြည့်ဖို့ အွန်လိုင်း လက်မှတ် တောင်းဆိုမှု ပရိသတ် ၂ သန်းကျော်ရှိပြီး တွေ့ဆုံခွင့်ရဖို့ ဒေါ်လာ ၂.၆၆ သန်းနဲ့ စီးပွားရေးသမားတစ်ဦး ကမ်းလှမ်း

ဇန်နဝါရီ ၁၉ ရက်မှာ ဆော်ဒီအာရေးဗျမှာ လီယွန်နယ် မက်ဆီရဲ့ ပဲရစ်စိန့်ဂျာမိန်း (PSG)နဲ့ ကစားမယ့် ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ပွဲကို ကြည့်ရှုဖို လက်မှတ်တွေကို လူပေါင်း နှစ်သန်းကျော် တောင်းခံထားကြောင်း သိရပါတယ်။

အယ်လ်နာဆာနဲ့ အယ်လ်-ဟီလာလ်တို့ ပူးပေါင်းအသင်းဟာ ဒီလနှောင်းပိုင်းမှာ ရီယာ့ဒ်ရှိ King Fahd International Stadium မှာ ခြေစမ်းပွဲအဖြစ် ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လူပေါင်း ၆၉,၀၀၀ ဆံ့သော အားကစားကွင်းမှာ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ နှစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

သူတို့နှစ်ယောက်အတူ ကွင်းထဲမှာ နောက်ဆုံးအကြိမ်က ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကပါ။ ဂျူဗင်တပ်စ်အတွက် ရော်နယ်လ်ဒိုရဲ့သွင်းဂိုးတွေက ချန်ပီယံလိဂ်မှာ မက်ဆီရဲ့ဘာစီလိုနာကို ၃-၀ ဂိုးနဲ့ အနိုင်ရအောင် ကူညီပေးခဲ့ပါတယ်။

ပေါ်တူဂီအိုင်ကွန်ဟာ ပြီးခဲ့တဲ့လက ဆော်ဒီအာရေးဗျကလပ်နဲ့ နှစ်နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

မက်ဆီ (၃၅)နှစ်နဲ့ ရော်နယ်ဒို (၃၇)နှစ်တို့ဟာလည်း သူတို့ရဲ့ ကစားသမားဘဝ နေဝင်ချိန်ဖြစ်ပါတယ်။ ဒီပွဲပြီးရင် သူတို့ အချင်းချင်း ထိပ်တိုက်တွေ့ဖို့ အခွင့်အရေး အများကြီး ရှိတော့မှာ မဟုတ်ဘူးဆိုတာ ပရိသတ်တွေ သိလာနိုင်ကောင်းပါတယ်။

ESPN ရဲ့ အဆိုအရ နှစ်သန်းကျော်ထဲက သူတွေဟာ ဒီလအစောပိုင်းမှာ တိုက်ရိုက် လက်မှတ် ရောင်းချတဲ့အချိန် လက်မှတ်တွေရရှိဖို့ တပြိုင်နက် အွန်လိုင်းမှာ တန်းစီနေခဲ့ကြပြီး လက်မှတ်အားလုံး ရောင်းကုန်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ သူတို့နှစ်ဦး ပါဝင်ယှဉ်ပြိုင်မည်ဆိုတယ်ကို အတည်မပြုနိုင်သေးပါဘူး။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်မှာ ရှိနေစဉ်အတွင်း အဲဗာတန်ပရိသတ်တစ်ဦးရဲ လက်က ဖုန်းကို ရိုက်ပေါက်မှုကြောင့် အယ်လ်နာဆာအသင်းအတွက် သူ့ရဲ့ ပွဲဦးထွက်ပွဲကို နှောင့်နှေးစေခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျိက ဆော်ဒီအာရေးဗျကို ရောက်ရှိချိန်မှာတော့ သူဟာ ကစားသွားနိုင်မှာပါ။

တစ်ချိန်တည်းမှာ ဆော်ဒီအာရေးဗျ စီးပွားရေးသမားတစ်ဦးဟာ ရော်နယ်လ်ဒိုနဲ့ မက်ဆီပြိုင်ရဲ့ နောက်ဆုံးပွဲကို ကြည့်ရှုဖို့ လက်မှတ်တစ်စောင်အတွက် ရီယယ် ၁၀ သန်း (ဒေါ်လာ ၂.၆၆ သန်း) ကမ်းလှမ်းပြီး လေလံမှုကို ဦးဆောင်နေပါတယ်။

ဆော်ဒီအစိုးရ၏ ဖျော်ဖြေရေးဌာနက AqarOneရဲ့ အိမ်ခြံမြေလုပ်ငန်းစု အထွေထွေမန်နေဂျာ Mushref Al-Ghamdi ဟာ ဇန်နဝါရီ ၁၇ ရက်က ပြီးဆုံးတဲ့ လေလံပွဲမှာ ဦးဆောင်သူဖြစ်တယ်လို့ တွစ်တာမှာ ဖော်ပြထားပါတယ်။

လက်မှတ်ဝယ်ယူရရှိသူဟာ ပွဲအပြီးမှာ အနိုင်ရရှိသူရဲ့ အခမ်းအနားကို တက်ရောက်ဖို့နဲ့ အဝတ်လဲခန်းထဲကို ဝင်ရောက်ပြီး ကမ္ဘာ့အကြီးကျယ်ဆုံးဖြစ်လာနိုင်တဲ့ နှစ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့ကြတဲ့ ကစားသမားနှစ်ဦးကို တွေ့ဆုံခွင့်ရှိမှာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ဟာ ကလပ်နဲ့ နိုင်ငံအသင်းတွေမှာ ၃၆ ပွဲ တွေ့ဆုံခဲ့ကြပြီး ရော်နယ်လ်ဒိုက ၁၁ ကြိမ်အနိုင်ရပြီး မက်ဆီက ၁၆ ပွဲအနိုင်နဲ့  ဦးဆောင်နေပါတယ်။ မက်ဆီက ရော်နယ်လ်ဒိုရဲ့ ၂၁ ဂိုးနဲ့ နှိုင်းယှဉ်ရင် ၂၂ ဂိုး သွင်းယူထားပါတယ်။

Ref; Sportskeeda, ESPN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly