ကာတာမှာ ကမ္ဘာ့ဖလားဖွင့်ပွဲမတိုင်ခင် ဂါနာရဲ့ 'မေ့ကျန်ခဲ့တဲ့ ဂျာစီအင်္ကျီ' ပြဿနာ ဖြေရှင်းလိုက်ပြီဖြစ်

ကာတာမှာ ကမ္ဘာ့ဖလားဖွင့်ပွဲမတိုင်ခင် ဂါနာရဲ့ 'မေ့ကျန်ခဲ့တဲ့ ဂျာစီအင်္ကျီ' ပြဿနာ ဖြေရှင်းလိုက်ပြီဖြစ်

ဂါနာရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေက သူတို့ရဲ့ ဂျာစီအင်္ကျီတွေကို အိမ်မှာ ကျန်ရစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ကြားနေရချိန်မှာ စီစဉ်ထားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

နည်းပြ အိုတိုအာဒိုက သူတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို မသွားမီ  နာရီအနည်းငယ်အလိုမှာ ပြိုင်ပွဲအတွက် သူ့ရဲ့ ကစားသမား ၂၆ ဦးစာရင်းကို တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ကာတာကို ရောက်ရှိပြီးချိန်မှာတော့ သူတို့ရဲ့ အားကစားပစ္စည်း ထိန်းသိမ်းထာားသူတွေဟာ ပစ္စည်းအစုံအလင်ကို မေ့ကျန်ထားခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး တာဝန်ရှိသူတွေက သူတို့ရဲ့ စာပို့သမားတွေကတဆင့် သူတို့ရဲ့ အခြေစိုက်ရာကို ပို့ဖို့ ကြိုးစားခဲ့ကြပါတယ်။

“Black Stars တွေရဲ့ ပစ္စည်းထိန်းသိမ်းထာားသူတွေဟာ အသင်းရဲ့ ဂျာစီအင်္ကျီတွေ ဂါနာမှာ မှားယွင်းမေ့ကျန်ထားရစ်ခဲ့မိတယ်လို့ သတင်းတွေက ဆိုပါတယ်"လို့ ဂါနာ ဂျာနယ်လစ် Frank Darkwah က tweet လုပ်ခဲ့ပါတယ်။

ဒါပမေယ့် ပြန်အသစ်တင်ထားတဲ့ tweet မှာ Darkwah က သူတို့ဟာ ကာတာက အသင်းရဲ့ အခြေစိုက်ရာကို သတ်မှတ်ထားတဲ့ အချိန်မှာ ဂျာစီတွေကို ပို့ဆောင်ပေးမယ့် ထုတ်လုပ်သူ Puma ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

"ဂျာစီနဲ့ ပတ်သက်လို့ Update ခြင်း - ဂါနာဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးက Puma ဟာ အားကစားအသုံးအဆောင်ပစ္စည်းတွေအပါအဝင် အသင်းဂျာစီအင်္ကျီတွေကို ကာတာဆီ တိုက်ရိုက်ပေးပို့နေပြီဖြစ်တယ်လို့ အတည်ပြုပါတယ်။ ဒါ့ကြောင့် ဂါနာမှာ ဂျာစီအင်္ကျီတွေ ကျန်ရစ်မှာ မဟုတ်တော့ဘူး"လို့ သူက ရေးသားခဲ့ပါတယ်။

ဂါနာအသင်းဟာ ကမ္ဘာ့ဖလားအုပ်စု (H) မှာ အဖွင့်ပွဲစဉ်အဖြစ် ပေါ်တူဂီနဲ့  မကစားခင် ကြသပတေးနေ့က Al Nahyan ကွင်းမှာ ဆွစ်ဇလန်အသင်းကို ခြေစမ်းပွဲမှာ ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ သူတို့ဟာ အုပ်စုအတင်း ဥရုဂွေး၊ တောင်ကိုရီးယားတို့နဲ့လည်း ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Ref; IOL

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly