Apple က မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ 'စိတ်မဝင်စား'

Apple က မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ 'စိတ်မဝင်စား'

Apple ဟာ လက်ရှိတွင် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ အစီအစဉ်မရှိသေးဘူးလို့ ဒီကိစ္စနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဗြိတိန်သတင်းစာ The Daily Star က ဒီကနေ့အစောပိုင်း သတင်းတစ်ခုမှာ Appleဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ဒေါ်လာ ၇ ဘီလီယံခန့်နဲ့ ဝယ်ယူဖို့ စိတ်ဝင်စားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပေမယ့် အခြေအနေနဲ့ ပတ်သက်လို့ "ကျနော်တို့သတင်းရင်းမြစ်ကနေ တိုက်ရိုက်သိရှိထားတာက ဒီသတင်းဟာ သတင်းမှားဖြစ်ပါတယ်"လို့ MacRumors က ဖော်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၀၅ ခုနှစ်ကတည်းက ဂလေဇာမိသားစုကနေ အများစုကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ကလပ်အသင်းဟာ ကလပ်ကို ရောင်းချတာအပါအဝင် မဟာဗျူဟာမြောက် အခြားရွေးချယ်စရာတွေကို ရှာဖွေဖို့ စီစဉ်နေတယ်လို့ အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာတဲ့နေ့မှာပဲ သတင်းထွက်လာခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ အစီအစဉ်မရှိသေးပေမယ့် Apple ဟာ အားကစားဆိုင်ရာ အကြောင်းအရာတွေကို တွန်းအားပေး လုပ်ဆောင်နေပါတယ်။ ကုမ္ပဏီဟာ ၂၀၂၂ ပုံမှန်ရာသီအတွင်း Apple TV+ မှာ အပတ်စဉ် "သောကြာနေ့ညဘေ့စ်ဘော" ခေါင်းစဉ်နှစ်ခုအောက်မှာ MLB နဲ့ ပူးပေါင်းပြီး အပတ်စဉ် လွှင့်ဖို့ဖြစ်ပြီး ဒါဟာ နောက်၁၀ နှစ်အတွက် MLS ပွဲတွေကို သီးသန့်ပံ့ပိုးပေးသူဖြစ်လာမှာဖြစ်ပါတယ်။ Apple ဟာ လာမယ့် ရာသီက စတင်လို့ NFL ရဲ့ Sunday Ticket ပက်ကေ့ချ်ကို တိုက်ရိုက်ပြသခွင့် မူပိုင်အတွက် ရှေ့ပြေးအဖြစ် သတ်မှတ်ခံထားရတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကမ္ဘာ့အကြီးဆုံး ဘောလုံးအသင်းများထဲက အသင်းတစ်သင်းဖြစ်ပြီး အထင်ကရ အားကစားအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ Daily Star က Apple ဟာ စိတ်ဝင်စားမှုပြသတယ်လို့ သတင်းတင်ခဲ့ပြီးနောက် ကောလာဟလတွေ တက်လာခဲ့ပါတယ်။ ဒါပေမယ့် Apple က မန်ချက်စတာကို ဝယ်ယူဖို့ မဖြစ်နိုင်ပါဘူး။ နည်းပညာကုမ္ပဏီတွေဟာ ဘောလုံးအသင်းတွေဟာ စတင်ရင်းနှီးမြှုပ်နှံလာကြပါတယ်။ Spotify ဟာ FC Barcelona နဲ့ အကျိုးအမြတ်ရှိမယ့် စာချုပ်တစ်ခုရှိပေမယ့် ယူနိုက်တက်ရဲ့ အတိုင်းအတာနဲ့ ကလပ်တစ်ခုကို ဝယ်ယူသူဘယ်သူကမှ မကြီးမားသေးပါဘူး။

Ref; Times of India, MacRumors

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly