ဒဂုံတောင်မြောက်လမ်းဆုံ ရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရ

By ရိုဇာ
20 February 2022
ဒဂုံတောင်မြောက်လမ်းဆုံ ရဲစခန်း ဗုံးပစ်တိုက်ခိုက်ခံရ

ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် အမှတ်၂ လမ်းမကြီးပေါ်ရှိ တောင်မြောက်လမ်းဆုံရဲစခန်းသည် ဖေဖော်ဝါရီ၂၀ရက် နံနက် ၅နာရီ ၁၈မိနစ်တွင် ဗုံးပစ်တိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။

အဆိုပါဖောက်ခွဲမှုကို ACPLF က ဆောင်ရွက်ခဲ့ပြီး M79ဗုံးပစ်လောင်ချာဖြင့် တိုက်ခိုက်ခဲ့ကြောင်းလည်း လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသည်။

"79 က ထိတာတော့တော်တော်ထိတယိ၊ ဒါပေမယ့် ထိခိုက်မှုအခြေအနေကိုစုံစမ်းဖို့မလွယ်ဘူး ပစ်မှတ်ကဝေးနေလို့လေ''ဟု ACPLFမှ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရဲစခန်းအတွင်း အော်ဟစ်သံများနှင့် ရုတ်ရုတ်သဲသဲအခြေအနေကို ကြားသိခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၉ရက် ညပိုင်းတွင်မှော်ဘီမြို့နယ်ရှိ အရာရှိတပ်ရင်းနှင့် သင်္ဃန်းကျွန်း မြို့နယ်၊ စံပြစျေးအနီး၊ လေးထောင့်ကန်လမ်းမကြီးနှင့်သံသုမာလမ်းထောင့် မြဝတီဘဏ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဗုံးပစ်တိုက်ခိုက်မှုပြုလုပ်ခဲဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

"အဝေးထိန်းဗုံးတစ်လုံး၊ လက်ပစ်ဗုံးနှစ်လုံးနဲ့တိုက်တာ။

စခငါးယောက်သေတယ်။ နှစ်ယောက်က ဆန့်ငင်ငင်ဖြစ်နေတာတွေ့ခဲ့ရတယ်။အဲ့မှာ သူတို့ကတော့ပစ်တယ်၊ ကျနော်တို့ရဲဘော်တွေပြန်မပစ်ပဲ ဘေးကင်းစွာဆုတ်ခွါနိုင်ခဲ့ပါတယ်''ဟု ACPLFမှ တာဝန်ရှိသူက သင်္ဃန်းကျွန်းဖြစ်စဥ်ကို ရှင်းပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly