ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး လက်လုပ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခံရ

ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး လက်လုပ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲခံရ

ဖေဖော်ဝါရီ ၁၉

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ၊ ၅၈လမ်း ၊ ၁၂၃လမ်း ပေါ်ရှိ (စ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၃နာရီ ၄၅မိနစ်ခန့်တွင် လက်လုပ်ဗုံးဖြင့် ပစ်ခတ်သတိပေးခဲ့ကြောင်း

Black Wolf PDF-MDY ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

"အိမ်ရှေ့က ပစ်ထည့်ဖို့ရာတောင် အခွင့်မသာခဲ့ဘူး။ ပြည်သူတချို့ ရှိနေခဲ့တာကြောင့် အိမ်နောက်ကနေ လှမ်းပစ်တာ ဆိုတော့ လူကို ထိခိုက်ဖို့ မရှိခဲ့ဘူး။ အဲ့တော့ သတိပေး ပစ်ဖောက်တဲ့ သဘောပဲ ဖြစ်ခဲ့တာပေါ့"ဟု ၎င်းက ပြောသည်။

စစ်ကောင်စီအလိုကျ ဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်နေသည့်အတွက် ထိုသို့ သတိပေးခဲ့ကြောင်း၎င်းက ဆိုသည်။

နောက်နောင်တွင် ယင်းသို့ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက သတိပေးတော့မည် မဟုတ်ဘဲ ထိရောက်စွာလုပ်ဆောင်မည်ဟုလည်း ယင်းအဖွဲ့က သတိပေးထားသည်။

ယင်းလုပ်ဆောင်မှုကို Black Wolf-PDF MDY အဖွဲ့နှင့် Guerilla Force Of Mandalay (GRA)အဖွဲ့တို့ ပူပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၃ရက်ကလည်း မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၂၈ မဟာဗန္ဓုလလမ်းရှိ အခွန်ရုံးအား လက်လုပ်မိုင်းဖြင့် ပစ်ဖောက်သတိပေးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly