တရုတ်က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထောက်ပံ့မှုကို ဖယ်ရှားလိုက်ခြင်းကြောင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအပေါ် သက်ရောက်စေနိုင်

တရုတ်က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထောက်ပံ့မှုကို ဖယ်ရှားလိုက်ခြင်းကြောင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအပေါ် သက်ရောက်စေနိုင်

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်းများမှ ထောက်ပံ့မှုများကို ဖယ်ရှားရန် တရုတ်က ဆုံးဖြတ်လိုက်ခြင်းသည် ပိုမိုသန့်ရှင်းသော စွမ်းအင်ရင်းမြစ်များ အသုံးပြုခြင်းကို အဟန့်အတားဖြစ်စေကာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအပေါ် ဆိုးရွားစွာ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း ကနေဒါအခြေစိုက် အခွင့်အရေးနှင့် လုံခြုံရေးဆိုင်ရာ နိုင်ငံတကာဖိုရမ် (IFFRAS) က ဖော်ပြခဲ့သည်။

ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အများဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် စွမ်းအင်အသုံးပြုမှု လည်း အများဆုံးနိုင်ငံဖြစ်ပြီး နိုင်ငံ၏ တိုးပွားလာသော လူဦးရေကြောင့် စွမ်းအင်လိုအပ်ချက်များ အမြဲတစေ မြင့်တက်လာခြင်းကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အစီအစဉ်များကို ပြောင်းလဲပြင်ဆင်ရန် တရုတ်အစိုးရကို ဖိအားပေးလျက်ရှိသည်။ နေရောင်ခြည်နှင့် လေစွမ်းအင်အရင်းအမြစ်များသည် လျှပ်စစ်ဓာတ်အားကို အပြည့်အဝ မထောက်ပံ့ပေးနိုင်သောကြောင့်တရုတ်နိုင်ငံအတွက် ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုရန် လိုအပ်လာသည်။

သို့သော် ရုပ်ကြွင်းလောင်စာမှရရှိသည့် စွမ်းအင်သည် ရာသီဥတုပြောင်းလဲမှုပြဿနာ၏ အဓိက အကြောင်းရင်းဖြစ်ပြီး ၎င်းကို အသုံးပြုမှုများပြားလာခြင်းက ကမ္ဘာ့အပူချိန်ကို ၂ ဒီဂရီစဲလ်စီးယပ်စ် လျော့ကျစေရန်ဟူသော ပါရီသဘောတူညီချက်အတွက် အတားအဆီးတစ်ခုဖြစ်နေသည်။

တရုတ်နိုင်ငံအတွက်ကာဗွန်ကင်းစင်ရေးရည်မှန်းချက်များအောင်မြင်ရန်ကျောက်မီးသွေးမှပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုခြင်းသို့ကူးပြောင်းရန်လိုအပ်သော်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ထောက်ပံ့ကြေးကို ဖယ်ရှားလိုက်ခြင်းသည် လေထုညစ်ညမ်းမှု၏ အဓိကအကြောင်းရင်းဖြစ်သည့် ရုပ်ကြွင်းလောင်စာများ အသုံးပြုမှုကိုထပ်မံတိုးစေနိုင်သည်။

တရုတ်နိုင်ငံ၏ထောက်ပံ့မှုမူဝါဒသည်အဓိကအားဖြင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အလျှံပယ်သုံးစွဲမှုနှင့်ထုတ်လုပ်မှု ကုန်ကျစရိတ်များကိုလွှမ်းခြုံမိစေရန်ဖြစ်သော်လည်း တရုတ်အစိုးရက၂၀၂၁ခုနှစ်ဩဂုတ်လ၁ရက်နေ့မှစတင်ကာဗဟိုအစိုးရဘတ်ဂျက်မှနေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေး စီမံကိန်းများနှင့်လေအား လျှပ်စစ်စီမံကိန်းများဆိုင်ရာ ထောက်ပံ့မှုများကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သည်။

ထောက်ပံ့ကြေးများရုပ်သိမ်းမှုကြောင့်လေနှင့်နေစွမ်းအင်သုံးစွဲမှုလျော့နည်းလာကာရုပ်ကြွင်းလောင်စာများအပေါ်မှီခိုမှုတိုးလာမည်ဖြစ်ပြီးကျောက်မီးသွေးသုံးစွဲမှုကြောင့်ကာဗွန်ထုတ်လွှတ်မှုဆက်လက်မြင့်တက်လာမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏၁၄ကြိမ်မြောက်၅နှစ်စီမံချက်သည်၂၀၆၀ခုနှစ်တွင်ကာဗွန်ထုတ်လွှတ်မှုကင်းစင်ရန်ရည်မှန်းထားခြင်းဖြစ်ပြီးထောက်ပံ့ကြေးရုပ်သိမ်းလိုက်သည့်ဆုံးဖြတ်ချက်ကြောင့်ပြည်သူများအားပိုမိုသန့်ရှင်းသောစွမ်းအင်အရင်းအမြစ်များကိုအသုံးပြုခြင်းမှတားမြစ်ရာရောက်ပေလိမ့်မည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly