အရာတော်မြို့နယ် ရေယိုရွာအနီး စစ်ကောင်စီကား မိုင်းဆွဲခံရ

အရာတော်မြို့နယ် ရေယိုရွာအနီး စစ်ကောင်စီကား မိုင်းဆွဲခံရ

ဖေဖော်ဝါရီလ ၁၇ ရက်

အရာတော်မြို့နယ်၊ ရေယိုရွာမှ ဆက်ကြေး ကောက်ပြီး ပြန်လာသော စစ်ကောင်စီကားကို ဖေဖော်ဝါရီလ ၁၆ ရက် ညနေ ၅ နာရီ ၂၀ မိနစ်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု လှော်တက်အင်အားစု 126 အဖွဲ့ဝင်က ပြောသည်။

"မနေ့က နောင်ကြီးအိုင် ရွာထဲ စခန်းချထားတဲ့စစ်သားတွေ ရေယိုရွာဘက်က အရက်ဆိုင်၊ ချဲကော်မရှင်နဲ့ ဈေးဆိုင်‌တွေမှာ ပိုက်ဆံလာတောင်းတာ၊ ကားခေါင်းထဲမှာ မောင်းတဲ့ကောင် တစ်ယောက်နဲ့ သေနတ်ကိုင်ပြီး လိုက်တာ တစ်ယောက်။ နောက်က ငါး‌‌ယောက်က ထိုင်တဲ့ ကောင်ကထိုင် ဖား၀ပ် ၀ပ်လိုက် လိုက်တဲ့ ကောင်ကဝပ်နဲ့၊ သေတဲ့ကောင်ကို စခန်းရဲ့ တောင်ဘက် ၀က်ခြံ‌ အဟောင်းနား မှာမြေမြုပ်လိုက်တယ်ဟု " အဆိုပါ အဖွဲ့ဝင်က ပြောသည်။

မျက်နှာ ဒဏ်ရာရရှိသူ တစ်ယောက်ကိုမှု အရာတော်မြို့သို့ ဆိုင်ကယ်ဖြင့် ခေါ်ဆောင် သွားသည်ဟု ဆိုသည်။ အဆိုပါ စစ်ကောင်စီကားကို ဒုတိယအကြိမ် ထပ်မံ မိုင်းဆွဲရန် ပြုလုပ် ထားသော်လည်း ပြည်သူ့ဆိုင်ကယ် တစ်စီး အဆိုပါ နေရာအနီး ရှိနေသောကြောင့် မလုပ်ဆောင်ဖြစ်ခဲ့ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required