ဟောင်ကောင်တွင် ရာထူးတိုးရန်နှင့် အစမ်းခန့်ကာလ အောင်မြင်ရန် အမျိုးသားလုံခြုံရေး သင်တန်း တက်ရောက်ရန် လိုအပ်

By ANI
17 February 2022
ဟောင်ကောင်တွင် ရာထူးတိုးရန်နှင့် အစမ်းခန့်ကာလ အောင်မြင်ရန် အမျိုးသားလုံခြုံရေး သင်တန်း တက်ရောက်ရန် လိုအပ်

အမျိုးသားလုံခြုံရေးဥပဒေအရ ဟောင်ကောင်တွင် အသစ်ခန့်အပ် ထားသော အစိုးရဝန်ထမ်းများသည် အစမ်းခန့်ကာလ ၃ နှစ်တာကာလကို ပြီးမြောက်စေရန် လေ့ကျင့် သင်ကြားမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ဟောင်ကောင် ဝန်ထမ်းရေးရာ အတွင်းရေးမှူး ပက်ထရစ်ခ် နိက ပြောကြားလိုက်သည်။

အဆိုပါ ဥပဒေသည် တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များကို ပစ်မှတ်ထားရန် တရုတ်က အသုံးပြုသည့် အငြင်းပွားဖွယ် ဥပဒေဟု ဝေဖန်သူများက ပြောကြားထားသည်။

အဆိုပါ လိုအပ်ချက်များသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အထူးအုပ်ချုပ်ခွင့်ရ ဒေသ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အမိန့်ကို အရပ်ဘက်ဝန်ထမ်းများ၏ နားလည်မှုကို မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပက်ထ ရစ်ခ်နိ၏ ဖေဖော်ဝါရီ ၉ရက်တွင် ပြုလုပ်ခဲ့သည့် ဥပဒေပြုကောင်စီ၏ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ဥပဒေပြုအဖွဲ့၏ မူဝါဒရေးရာ ရှင်းလင်းပွဲအတွင်း ပြောကြားချက်ကို ဟောင်ကောင် Free Press မှ ကိုးကား ဖော်ပြခဲ့သည်။

“တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” ဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဟောင်ကောင်၏ အမျိုးသားလုံခြုံရေးဥပဒေဆိုင်ရာ သင်တန်းများသည် အခြား အကြောင်းအရာများကဲ့သို့ပင် အလွန်အခြေခံကျပြီး အလွန်အရေးကြီးကြောင်း အတွင်းရေးမှူးက ပြောကြားသည်။

အခြေခံဥပဒေ စမ်းသပ်မှုသည် ဝန်ထမ်းခေါ်ယူမှု လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အမျိုးသားရေး လုံခြုံရေးဥပဒေတွင် ပါဝင်မည်ဖြစ်ကြောင်း Hong Kong Free Press က ဖော်ပြခဲ့သည်။

အမျိုးသားလုံခြုံရေးဥပဒေဖြင့် ဟောင်ကောင်ရှိ သတင်းထောက်များနှင့် မီဒီယာများကို ပစ်မှတ်ထားပြီး ဝေဖန်သူများ၊ တက်ကြွလှုပ်ရှားသူများကို နှုတ်ဆိတ်နေစေကြောင့် တရုတ်အစိုးရအား အနောက်နိုင်ငံများနှင့် လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲထားသည်။

အမျိုးသားလုံခြုံရေးဥပဒေကို အသုံးပြုကာ ဟောင်ကောင်အာဏာပိုင်များသည် တရုတ်အုပ်ချုပ်ရေးကို ခြိမ်းခြောက်မှုဟု ရှုမြင်သည့် တက်ကြွလှုပ်ရှားသူများကို စိတ်ထင်သလို ဖမ်းဆီးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly