ထိုင်ဝမ်ကို ထောက်ခံသည့် လစ်သူယေးနီးယားမှ အမဲသားတင်သွင်းမှုကို တရုတ်က ပိတ်ပင်

ထိုင်ဝမ်ကို ထောက်ခံသည့် လစ်သူယေးနီးယားမှ အမဲသားတင်သွင်းမှုကို တရုတ်က ပိတ်ပင်

တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် အမဲသားတင်သွင်းမှု စုစုပေါင်းတန်ချိန် ၂ ဒသမ ၃၆ သန်းရှိခဲ့ရာမှာ လစ်သူယေးနီးယားနိုင်ငံမှ အမဲသား ၇၇၅ တန်သာ တင်သွင်းခဲ့ကြောင်း တရုတ် အကောက်ခွန်အချက် အလက်များအရ သိရသည်။

ခွဲထွက်ဒေသအဖြစ် တရုတ်က သတ်မှတ်ထားသည့် ထိုင်ဝမ်ကို လစ်သူအေးနီးယားက ထောက်ခံနေသဖြင့် နှစ်နိုင်ငံအကြား ပဋိပက္ခတွင် နောက်ဆုံးအရှိန်အမြှင့်ဆုံးအဖြစ် တရုတ်က လစ်သူယေးနီးယားနိုင်ငံမှ အမဲသားတင်သွင်းမှုကို တားမြစ်လိုက်သည်။

အဆိုပါပိတ်ပင်မှုသည် ဖေဖော်ဝါရီ ၉ ရက်မှ စတင်အသက်ဝင်ခဲ့ပြီး ၎င်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ အထွေထွေအကောက်ခွန်ဌာက အကြောင်းပြချက်တစ်စုံတစ်ရာမပေးပေ။

ထိုင်ဝမ်ကို ထောက်ခံခဲ့သည့်အတွက် တရုတ်က လစ်သူယေးနီးယားကို စီးပွားရေးကို ပိတ်ဆို့ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

တိရစ္ဆာန်များ ရောဂါဖြစ်ပွားနေသောနိုင်ငံများမှ တင်ပို့ပါက အသားတင်သွင်းမှုကို ထုံးစံအတိုင်း ရပ်တန့်လေ့ရှိသည်ဟု တရုတ်အကောက်ခွန်ဌာနကပြောကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။

လစ်သူယေးနီးယားသည် မကြာသေးမီက ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) သို့ တိရစ္ဆာန်ရောဂါနှင့် ပတ်သက်၍ အစီရင်ခံထားခြင်းမရှိပေ။

လူဦးရေ ၂ ဒသမ ၈ သန်းခန့်ရှိသော လစ်သူယေးနီးယားနိုင်ငံသည် နိုဝင်ဘာ ၁၈ ရက်တွင် ထိုင်ဝမ်အား မြို့တော် ဗီနီယပ်စ်၌ ထိုင်ဝမ်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ရန် ခွင့်ပြုခဲ့သည်။ တရုတ်က လစ်သူယေးနီးယားနှင့် သံတမန်ဆက်ဆံရေးကို အဆင့်လျှော့ချခြင်းဖြင့် လက်တုံ့ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly