မြောက်ဥက္ကလာပမြို့နယ် ထွေအုပ်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ

မြောက်ဥက္ကလာပမြို့နယ် ထွေအုပ်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ

ဖေဖော်ဝါရီလ ၁၅ ရက်

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမ (ဂ) ရပ်ကွက်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးအား ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ၅ နာရီ ၁၅ မိနစ်က လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပြောက်ကျားအဖွဲ့က ပြောသည်။

"လုပ်တဲ့ အချိန်မှာတော့ ကင်းနားမှာ ခြောက်ကောင်လောက် ရှိပါတယ်။ သူတို့ရှေ့ ဗုံးကျချိန် အကုန်ဝပ်လိုက် ကြတယ်။ ရုံးနောက်လမ်းမှာ စခ (စစ်ကောင်စီတပ်သား) အရပ်ဝတ်တွေ ထွက်လာတာ တွေ့တယ်။ ပြီးမှဆေးရုံကား သွားတယ်လို့တော့ ပြောပါတယ်" ဟု တိုက်ခိုက်ခဲ့သည့် GenerationZ Defence Force&Supply Army တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်မှု အသေးစိတ် စုံစမ်းနေဆဲ ဖြစ်သည်။ 

ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း မြောက်ဒဂုံမြို့နယ်၊ ဒဂုံတက္ကသိုလ်  ဆရာမများ နားနေဆောင်နှင့် မြောက်ဥက္ကလာပမြို့နယ်၊ သန္တာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့အား အသံဗုံးများ ဖောက်ခွဲခဲ့ သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required