ပေကျင်းအိုလံပစ်ပွဲတော်ကာလ၌ တရုတ်က တိဗက်ဒေသများတွင် ထိန်းချုပ်မှု တင်းကျပ်ထား

ပေကျင်းအိုလံပစ်ပွဲတော်ကာလ၌ တရုတ်က တိဗက်ဒေသများတွင် ထိန်းချုပ်မှု တင်းကျပ်ထား

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်အတွင်း တရုတ်နိုင်ငံအနောက်ပိုင်း တိဗက်ဒေသများတွင် လုံခြုံရေးဆိုင်ရာထိန်းချုပ်မှုများ အရှိန်မြှင့်လုပ်ဆောင်နေပြီး ဒေသခံများကို ပြည်ပရောက် တိဗက်လူမျိုးများနှင့် အဆက်အသွယ်မလုပ်စေရန် ရဲတပ်ဖွဲ့က အနီးကပ်စောင့်ကြည့်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ဂန်းစုပြည်နယ် ကန်ဟိုတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနှင့် စီချွမ်ပြည်နယ် နာဘာ တိဗက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတို့တွင် အထူးတင်းကျပ်ထားကြောင်း အဆိုပါဒေသတွင်နေထိုင်သူတစ်ဦးက RFA ၏ တိဗက်ရေးရာဌာနသို့ ယခုသီတင်းပတ်က ပြောကြားခဲ့သည်။

ဒီဒေသတွေက တိဗက်လူမျိုးတွေကို အဝေးရောက် တိဗက်တွေနဲ့ စကားပြောခွင့် ပိတ်ပင်ထားပြီးတော့ အိန္ဒိယကို သွားပြီး ပြန်လာတဲ့ တိဗက်တွေကိုလည်း ဒေသခံရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းဖို့ နေ့တိုင်း ဆင့်ခေါ်နေပါတယ်” ဟု အမည်မဖော်လိုသူက RFA သို့ ပြောသည်။

အဝေးရောက်တိဗက်ဘာသာရေးရေးခေါင်းဆောင် ဒလိုင်းလားမား၏ ရုပ်ပုံများကိုလည်း တွေ့ရှိသည့်နေရာတိုင်းတွင် သိမ်းဆည်းကြကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ဂန်းစုပြည်ယ် သီဝိုကောင်တီမှ ရဲများသည် ယခုအခါ ဒေသခံတိဗက်လူမျိုးများကို မေးမြန်းကာ ဒေသတွင်း ပြင်ပနှင့် အဆက်အသွယ်ရှိ/မရှိ မိုဘိုင်းလ်ဖုန်းများနှင့် အွန်လိုင်းစကားပြောအဖွဲ့များကို စစ်ဆေးနေကြောင်း အိန္ဒိယနိုင်ငံ၊ ဒါရမ်ဆာလာမြို့မှ အဝေးရောက်တိဗက်တစ်ဦးဖြစ်သူ ထရီဆောင်ဒိုဂျီက ပြောသည်။

ဆုတောင်းပွဲများတွင် အသုံးပြုရန် ပြည်ပရောက်တိဗက်များထံ ငွေများပို့ပေးသော နာဘာနှင့်ကန်ဟိုမှတိဗက်လူမျိုးများကို တရုတ်အာဏာပိုင်များက ပုံမှန်ခြိမ်းခြောက်လျက်ရှိပြီး မိုဘိုင်းလ်ဖုန်းများ သိမ်းဆည်းကာ ဘဏ်စာရင်းများလည်း ပိတ်ပစ်ကြကြောင်း သတင်းရင်းမြစ်များက RFA သို့ပြောသည်။

တိဗက်လူမျိုးများနှင့်အခြားလူနည်းစုများအပေါ်တရုတ်နိုင်ငံ၏ဆက်ဆံပြုမူပုံကြောင့်ဖေဖော်ဝါရီ၄ရက်ကပေကျင်းမြို့တွင်ဖွင့်လှစ်ခဲ့သည့်ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲသည်နိုင်ငံတကာအသိုင်းအဝိုင်း၏ကန့်ကွက်မှုများနှင့်သပိတ်မှောက်မှုများကိုဆက်တိုက်ကြုံတွေ့နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly