အိန္ဒိယတွင် အသက် ၁၅-၁၈ နှစ် အုပ်စု လူငယ် ၁ ကု‌ဋေကျော် ကိုဗစ်ကာကွယ်ဆေးထိုးထား

အိန္ဒိယတွင် အသက် ၁၅-၁၈ နှစ် အုပ်စု လူငယ် ၁ ကု‌ဋေကျော် ကိုဗစ်ကာကွယ်ဆေးထိုးထား

အိန္ဒိယတွင် ထင်ရှားသည့် အောင်မြင်မှုတစ်ခုအဖြစ် အသက် ၁၅ နှစ်မှ ၁၈ နှစ်အထိ လူငယ်များကို ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ လုံးထိုးပြီး ဖြစ်သည်။

ကျန်းမာရေးဝန်ကြီး မန်ဆူခါမန်ဒါဝီရက ၎င်း၏ တွစ်တာတွင် “အိန္ဒိယလူငယ်တွေအတွက် သမိုင်းဝင် အောင်ပွဲခံတာပါပဲ။ အသက် ၁၅ နှစ်မှ ၁၈ နှစ်အထိ လူငယ် ၁ ကုဋေကျော်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးပြီး ဖြစ်ပါတယ်” ဟု ရေးသားခဲ့သည်။

အဆိုပါ အသက်အရွယ်အုပ်စုအား ကာကွယ်ဆေး ထိုးနှံခြင်းကို ယခုနှစ် ဇန်နဝါရီ ၃ ရက်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

သက်ဆိုင်ရာ ပြည်နယ် ကျန်းမာရေးဌာနများမှ ကောက်ယူထားသည့်ကိန်းဂဏန်းများအရ အိန္ဒိယတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၁၇၀ ဒသမ ၈၇ ကုဋေကျော် ရှိသွားပြီ ဖြစ်သည်။

အိန္ဒိယတွင် တစ်နိုင်ငံလုံးကို ကာကွဆေးထိုးနှံမှုကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၌ စတင်ခဲ့ပြီး အစီအစဉ်ကို တိုးချဲ့ လုပ်ဆောင်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly