လစ်သူယေးနီးယားအပေါ် တရုတ်၏အကျပ်ကိုင်သည့် ကုန်သွယ်ရေး ကျင့်ထုံးများကြောင့် စိတ်ပျက်မိကြောင်း ဗြိတိန်ဝန်ကြီးချုပ်ပြောကြား

By Zee5
12 February 2022
လစ်သူယေးနီးယားအပေါ် တရုတ်၏အကျပ်ကိုင်သည့် ကုန်သွယ်ရေး ကျင့်ထုံးများကြောင့် စိတ်ပျက်မိကြောင်း ဗြိတိန်ဝန်ကြီးချုပ်ပြောကြား

လစ်သူယေးနီးယားနိုင်ငံက ထိုင်ဝမ်ကိုယ်စားလှယ်ရုံးဖွင့်ခွင့်ပြုလိုက်သည့်ဆုံးဖြတ်ချက်အပေါ် တရုတ်က ပစ်မှတ်ထားသည့်အပြင် အကျပ်ကိုင်သည့် ကုန်သွယ်ရေးနည်းလမ်းများကို ပါထပ်မံအသုံးပြု လာသည့်အတွက် တရုတ်နိုင်ငံကို စိတ်ပျက်မိကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဖေဖော်ဝါရီ ၈ရက်တွင် ပြောသည်။

ဂျွန်ဆင်သည် ဖေဖော်ဝါရီ၈ရက်က လစ်သူယေးနီးယားဝန်ကြီးချုပ် အင်ဂရီဒါဆိုင်မွန်နီတီနှင့် လန်ဒန်တွင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Sputnik ကဖော်ပြခဲ့သည်။

လစ်သူယေးနီးယားအပေါ် တရုတ်၏အကျပ်ကိုင်သော ကုန်သွယ်မှုကျင့်ထုံးများ အသုံးပြုသည့်အတွက် ဗြိတိန်အနေဖြင့် စိတ်ပျက်မိကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့ပြီး ဝန်ကြီးချုပ်ဆိုင်မွန်နီတီက အဆိုပါကိစ္စနှင့်ပတ်သက်၍ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ဗြိတိန်၏ပံ့ပိုးကူညီမှုကိုကြိုဆိုကြောင်းပြောကြားခဲ့သည်ဟု ဝန်ကြီးချုပ်၏ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်ဝမ်ကိုယ်စားလှယ်ရုံးကိုဖွင့်ခွင့်ပြုရန်လစ်သူယေးနီးယားကဆုံးဖြတ်ချက်ချပြီးနောက်တရုတ်သည်လစ်သူယေးနီးယားနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးကိုပြန်လည်ခေါ်ယူခဲ့ကာလစ်သူယေးနီးယားစီးပွားရေးလုပ်ငန်းများကိုတရုတ်ဈေးကွက်မှပိတ်ပင်ခဲ့ကြောင်းသိရသည်။

တရုတ်သည် လစ်သူယေးနီးယားကိုခွဲခြားဆက်ဆံသော ကုန်သွယ်မှုကျင့်ထုံးများ အသုံးပြုသည်ဟုဆိုကာ အီးယူကဇန်နဝါရီလနှောင်းပိုင်းတွင်WTO ၌တရုတ်အားတိုင်ချက်ဖွင့်ခဲ့သည်။

တရုတ်၏လုပ်ရပ်များသည်လစ်သူယေးနီးယားနှင့်အီးယူနှစ်ခုစလုံးတွင်ပို့ကုန်များကိုအနှောင့်အယှက်ဖြစ်စေ ကြောင်းနှင့်အဆိုပါလုပ်ရပ်များသည်အီးယူအဖွဲ့နိုင်ငံများမှ တင်ပို့သည့် လစ်သူယေးနီးယားထုတ်ကုန်များကိုလည်း ပစ်မှတ်ထားလျက်ရှိသည်ဟု အီးယူကတိုင်ကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly