ပေကျင်းအိုလံပစ်ဖွင့်ပွဲတွင် ကိုရီးယားရိုးရာပုံစံ ဝတ်ဆင်ခြင်းအပေါ် တောင်ကိုရီးယားတွင် မကျေနပ်မှုများ ဖြစ်ပေါ်

ပေကျင်းအိုလံပစ်ဖွင့်ပွဲတွင် ကိုရီးယားရိုးရာပုံစံ ဝတ်ဆင်ခြင်းအပေါ် တောင်ကိုရီးယားတွင် မကျေနပ်မှုများ ဖြစ်ပေါ်

ပေကျင်းအိုလံပစ်ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေတင်ဆက်သူတစ်ဦးက ကိုရီးယားရိုးရာဝတ်စုံကို ဝတ်ဆင်လိုက်သည့်အတွက် ယဉ်ကျေးမှုအပိုင်စီးသည်ဟု စွပ်စွဲခံရကာ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များကို ပိုမိုလှုံ့ဆော်သလို ဖြစ်စေခဲ့သည်။

အခမ်းအနားတွင် တိုင်းရင်းသားလူမျိုး ၅၆ စုကို ကိုယ်စားပြုသူများအနက် ဖျော်ဖြေတင်ဆက်သူတစ်ဦးက အပေါ်ပိုင်းအင်္ကျီအဖြူရောင် အောက်ပိုင်းစကတ်ပန်းရောင်နှင့် ကိုရီးယားရိုးရာဝတ်စုံပုံစံမျိုးကို ဝတ်ဆင်ခဲ့ကြောင်း Nikkei Asia မှ ယိုဆုကဲအွန်ချီက ရေးသားထားသည်။

အဆိုပါ အမျိုးသမီးသည် တရုတ်အလံကို ကိုင်ဆောင်ကာ အခြားဖျော်ဖြေတင်ဆက်သူများနှင့်အတူ ဖွင့်ပွဲတွင် ပါဝင်ခဲ့သဖြင့် တောင်ကိုရီးယား လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

"တရုတ်က ကိုရီးယားရိုးရာဝတ်စုံကို သူတို့အပိုင်ဖြစ်အောင် ကြိုးစားနေတယ်” ဟု ပို့စ်တင်သူတစ်ဦးက ဆိုသည်။ ကိုရီးယားရိုးရာဝတ်စုံဝတ်ဆင်ပြခြင်းသည် ယဉ်ကျေးမှုကို သိမ်းပိုက်ခြင်းဖြစ်သည်ဟု ဖေဖော်ဝါရီ ၇ ရက်ထုတ် ဆိုးလ် Shinmun သတင်းစာ၏ အယ်ဒီတာအာဘော်တွင် ဖော်ပြခဲ့သည်။

ဆိုးလ်မြို့ရှိ တရုတ်သံရုံးက တရုတ်ရှိ ကိုရီးယားတိုင်းရင်းသားအုပ်စုသည် တောင်နှင့်မြောက်ကိုရီးယားကျွန်းဆွယ်မှပြည်သူများနှင့် သွေးရင်းများဖြစ်ကြပြီး အဝတ်အစားအပါအဝင် ရိုးရာယဉ်ကျေးမှုများလည်း အမွေဆက်ခံထားကြောင်း ကိုးရီးယားဘာသာဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly