တရုတ်တွင် ဖေဖော်ဝါရီလ ၁၀ရက်တွင် ကိုဗစ်-၁၉ ပြည်တွင်းကူးစက်ခံရသူ ၅၆ ဦးရှိ

တရုတ်တွင် ဖေဖော်ဝါရီလ ၁၀ရက်တွင် ကိုဗစ်-၁၉ ပြည်တွင်းကူးစက်ခံရသူ ၅၆ ဦးရှိ

တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီလ ၁၀ရက်က ကိုဗစ်-၁၉ ပြည်တွင်းကူးစက်ခံရသူ ၅၆ ဦး စာရင်းရရှိ ခဲ့ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ ထုတ်ပြန်ခဲ့ချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းကူးစက်မှုအသစ်များအနက် ၃၃ ဦးမှာ ကွမ်ရှီပြည်နယ်နှင့် ၂၂ ဦးမှာ လောင်နင်းမှဖြစ်ပြီး၊ ၁ ဦးမှာ ကွေကျိုးမှဖြစ်ကြောင်း ကော်မရှင်အစီရင်ခံစာကို ကိုးကား၍ ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲသို့ ရောက်ရှိလာသူများတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် ၁၀ ခုဖြစ်ပွားခဲ့သည့်အပြင် အားကစားသမား ၄ ဦးကိုလည်း လက်ရှိတွင် သီးခြားခွဲထားကြောင်း ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။

အိုလံပစ်ပွဲတော်တွင် စုစုပေါင်းကိုဗစ်-၁၉ စမ်းသပ်မှုပေါင်း ၇၂၀ဝ၀ ခန့်ကို ပြုလုပ်ခဲ့သည်။ အားကစားသမား ၄ ဦးလည်း ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသဖြင့် လက်ရှိတွင် သီးခြားခွဲထားကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီက ဖေဖော်ဝါရီ ၆ရက်တွင် ပြောကြားခဲ့ကြောင်း Sputnik သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း အားကစားပွဲအတွက် ရောက်ရှိလာသူများတွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှုအသစ် ၁၀ ခုကို အတည်ပြုနိုင်ခဲ့သည်။

IOC ၏ အဆိုအရ အားကစားသမား ၇၃၇ ဦးနှင့် အဖွဲ့တာဝန်ရှိသူများနှင့် အခြားသော သက်ဆိုင်သူ ၆၀၇ ဦးတို့ အပါအဝင် အိုလံပစ်နှင့် ဆက်နွှယ်သော ရောက်ရှိလာသူ ၁၃၄၄ ဦးတို့ တရုတ်နိုင်ငံသို့ ဖေဖော်ဝါရီ ၄ရက်တွင် ဝင်ရောက်လာခဲ့သည်။

PCR စမ်းသပ်မှုပေါင်း ၇၁၀ဝ၀ ကျော်ကို ပြုလုပ်ခဲ့ကြောင်း IOC မှ ပြောကြားခဲ့သည်ဟု သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

အိုလံပစ်အားကစားပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မသန်စွမ်းအားကစားပြိုင်ပွဲကို မတ်လ ၄ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly