ကော့သောင်းမြို့တွင် COVID-19ရောဂါ ကူးစက်မှု များလာ၍ လမ်းသွားလမ်းလာများကို ရောဂါပိုး ရှိ မရှိစစ်ဆေးပေးနေ

ကော့သောင်းမြို့တွင် COVID-19ရောဂါ ကူးစက်မှု များလာ၍ လမ်းသွားလမ်းလာများကို ရောဂါပိုး ရှိ မရှိစစ်ဆေးပေးနေ

ဖေဖော်ဝါရီ ၁၁

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ယခုရက်ပိုင်း အတွင်း COVID-19ရောဂါ ကူးစက်မှု မြင့်တက်နေခြင်းကြောင့် မြို့အတွင်း သွားလာနေသူများကို ရောဂါပိုး စစ်ဆေးပေးနေကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

အဆိုပါ COVID-19ရောဂါ ကူးစက်မှု ထိန်းချုပ် ကာကွယ်ရန် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ၀န်ထမ်းများက စစ်ဆေးနေသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ကော့သောင်းမြို့နယ် ဒေသခံ တစ်ဦးက "အခုရက်ပိုင်းမှာ ထိုင်းကနေ ပြည်တော် ဝင်လာတဲ့ သူတွေဆီက COVID-19 ရောဂါပိုး ၂၀ နီးပါးလောက်တွေ့ရှိနေတာပါ ဒါကြောင့် အခုမြို့တွင်းမှာ သွားလာ နေသူတွေကို လမ်းပိတ်ပြီး test kit (ရောဂါပိုးစစ်ဆေးသည့်ကိရိယာ)နဲ့ ရောဂါပိုး စစ်ဆေး‌ ပေးနေတာကို တွေ့ရပါတယ်"ဟု ပြောသည်။

လက်ရှိတွင် တိုင်းဒေသကြီးအတွင်း ခရိုင်နှင့် မြို့နယ် အလိုက် COVID-19 ရောဂါ ကူးစက်မှု အတည်ပြု လူနာ အသစ် ၃၅ ဦးကျော် ရှိနေကြောင်း ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly