အမေရိကန်နှင့် အာကာသပြိုင်ဆိုင်မှုကို အရှိန်မြှင့်ရန် အာကာသအစီအစဉ် ၅ နှစ် စီမံကိန်းကို တရုတ် ထုတ်ပြန်

အမေရိကန်နှင့် အာကာသပြိုင်ဆိုင်မှုကို အရှိန်မြှင့်ရန် အာကာသအစီအစဉ် ၅ နှစ် စီမံကိန်းကို တရုတ် ထုတ်ပြန်

တရုတ်က အမေရိကန်နှင့် အာကာသပြိုင်ဆိုင်မှုကို အရှိန်မြှင့်ရန်အတွက် ၎င်း၏ အာကာသအစီအစဉ် ၅ နှစ် စီမံကိန်းကို ထုတ်ပြန်လိုက်သည်။

တရုတ်နိုင်ငံတော်ကောင်စီသည် အာကာသစူးစမ်းလေ့လာရေး ရည်မှန်းချက်များဆိုင်ရာ စက္ကူဖြူစာတမ်း အသစ်ကို ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့ရာတွင် အာကာသအစီအစဉ်ကို လွှမ်းမိုးအားသာနိုင်ရန် လုပ်ဆောင်ရမည့် အဆင့်များအပါအဝင် လာမည့် ၅နှစ်အတွင်း ဖော်ဆောင်မည့် လုပ်ငန်းများကို အသေးစိတ်ဖော်ပြထားသည်။

တရုတ်၏ အကြီးမားဆုံး ရည်မှန်းချက် ၂ ရပ်မှာ ကိုယ်ပိုင် အာကာသကြည့်မှန်ပြောင်းကို လွှတ်တင်ခြင်း နှင့် ကိုယ်ပိုင် အာကာသစခန်း အပြီးသတ်တည်ဆောက်ခြင်း ပါဝင်သည်။

Xuntian သို့မဟုတ် တရုတ်အာကာသစခန်း တယ်လီစကုပ် (CSST) ကို လက်ရှိအချိန်တွင် တည်ဆောက်နေသည်။

ပင်မဖြစ်သည့် CSST တယ်လီစကုပ်သည် အချင်း ၆ ဒသမ ၆ ပေ (၂ မီတာ) ရှိပြီး NASA ၏ Hubble Space Telescope ထက် အဆ ၃၀ဝ ပိုကြီးသည်။

အစီအစဉ်အတိုင်းသာဖြစ်မည်ဆိုပါက ယင်း တယ်လီစကုပ်သည် တရုတ်အာကာသစခန်းနှင့်အတူ ကမ္ဘာမြေကို လှည့်ပတ်ကာ သတ်မှတ်ချိန်အတိုင်း ဆင်းသက်ရပ်နားနိုင်မည်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly