တရုတ်သမ္မတ၏ အိုလံပစ် ဧည့်သည်စာရင်းတွင် သဘောထားတင်းမာသူများနှင့် အာဏာရှင်များ အဓိကပါဝင်

တရုတ်သမ္မတ၏ အိုလံပစ် ဧည့်သည်စာရင်းတွင် သဘောထားတင်းမာသူများနှင့် အာဏာရှင်များ အဓိကပါဝင်

တရုတ်ခေါင်းဆောင်ရှီကျင့်ဖျင်က ဖေဖော်ဝါရီလ ၄ရက်က ပေကျင်းအိုလံပစ်ပွဲတော်အား ဖွင့်လှစ်သည့် အခါ ၎င်း၏ နံဘေးတွင် အာဏာရှင်အစိုးရကို ပြုပြင်ပြောင်းလဲခြင်းမရှိမည့် ခေါင်းဆောင်များကို မြင်တွေ့ရသည်။

ယင်းအခမ်းအနားသို့ တက်ရောက်သည့် သမ္မတများ၊ ဝန်ကြီးချုပ်များ၊ နိုင်ငံ့ခေါင်းဆောင်များနှင့် မင်းမျိုးမင်းနွယ်ထက်ဝက်ခန့်သည် ၂၀၂၀ပြည့်နှစ် Economist Intelligence Unit ၏ ဒီမိုကရေစီအညွှန်းကိန်းအရ အာဏာရှင်နိုင်ငံများ မှဖြစ်ပြီး အခြားတစ်ဝက်သည် ရောနှောပေါင်းစပ်ထားသည့်စနစ်များကို ကျင့်သုံးနေသော အစိုးရများမှ ဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဌာနက ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည့် အခမ်းအနားသို့ တက်ရောက်သူများစာရင်းတွင် စင်္ကာပူ၊ အာဂျင်တီးနား၊ အီကွေဒေါ၊ မွန်ဂိုလီးယား၊ ပိုလန်နှင့် ဆားဘီးယားနိုင်ငံတို့မှ ဒီမိုကရက်တစ် ခေါင်း ဆောင်များ ပါဝင်ခဲ့ပြီး ပွဲတော်မတိုင်ခင် ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းအပေါ် အငြင်းပွားခဲ့ကြသည်။

သို့သော် တရုတ်၏ လူ့အခွင့်အရေးမှတ်တမ်းကြောင့် ဗြိတိန်၊ သြစတြေးလျနှင့် ကနေဒါတို့သည် အမေရိကန် ဦးဆောင်သည့် သံတမန်ရေးအရ သပိတ်မှောက်မှုတွင် ပါဝင်ခဲ့ကြပြီး အဓိက ဒီမိုကရေစီအင်အားကြီး နိုင်ငံများ မတက်ရောက်ခဲ့ပေ။

နယူးဇီလန်၊ နယ်သာလန်၊ ဆွီဒင်နှင့် သြစတြီးယားတို့မှ ခေါင်းဆောင်များ အပါအဝင် အခြားနိုင်ငံများသည် ကပ်ရောဂါ သို့မဟုတ် ပေကျင်း၏ တင်းကျပ်သော ကိုဗစ်-၁၉ ထိန်းချုပ်မှုများကို အကြောင်းပြကာ ဖိတ်ကြားချက် များကို ငြင်းပယ်ထားသည်။

ပါဝင်ခဲ့ကြသူများမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ ဆော်ဒီအိမ်ရှေ့စံ မိုဟာမက် ဆယ်လ်မန်၊ အီဂျစ်သမ္မတ အယ်လ်စီစီနှင့် ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည့် အခြားသူများကို မြင်တွေ့ရခြင်းသည် တရုတ်၏ အနောက်နိုင်ငံများနှင့် ဝေးကွာလာသောအနေထားကို ဖော်ပြနေရုံမက တရုတ်၏ ထွန်းသစ်စအုပ်စုဖြစ်သည့် အာဏာရှင်နိုင်ငံများနှင့် မိတ်ဖက်ပေါင်းစည်းမှုကို ဖော်ပြနေသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က အဖွဲ့အစည်းပေါင်း ၂၀ဝ ကျော်၏ ညွန့်ပေါင်းအဖွဲ့က သံတမန်ရေးရာ သပိတ် မှောက်မှုတွင် ပါဝင်ရန် နောက်ထပ်နိုင်ငံများကို တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly