အမေရိကန်ဆုတ်ခွာခြင်းကြောင့် အရှေ့အလယ်ပိုင်းတွင် တရုတ်သြဇာ ကြီးထွားလာနိုင်

အမေရိကန်ဆုတ်ခွာခြင်းကြောင့် အရှေ့အလယ်ပိုင်းတွင် တရုတ်သြဇာ ကြီးထွားလာနိုင်

အာရှဗဟိုပြုမည့် ကတိကဝတ်ကို အားကောင်းစေရေးအတွက် မဟာဗျူဟာအရ စိုးမိုးထားနိုင်ရန် အမေရိကန်က အရှေ့အလယ်ပိုင်းဒေသမှ ဆုတ်ခွာသွားခြင်းသည် တရုတ်အနေဖြင့် အရှေ့အလယ်ပိုင်းတွင် ပိုမို အကျိုး ဖြစ်ထွန်းလာနိုင်ကြောင်း အစီရင်ခံစာတစ်စောင်က ဆိုသည်။

ပါရှန်ပင်လယ်ကွေ့ကို စွန့်ခွာ၍ အမေရိကန် ထောက်ခံသူများက အာရှကို ဗဟိုပြုရန် လိုအပ်ကြောင်း မကြာခဏ ကိုးကားပြောဆိုသည်။

သို့သော် အရှေ့အလယ်ပိုင်းမှ အမေရိကန် ဆုတ်ခွာမှုသည် ၎င်းတို့၏ ရည်မှန်းချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး နောက်ဆုံးတွင် တရုတ်က သြဇာလွှမ်းမိုးလာစေမည်ဟု National Interest က ဆိုသည်။

ထို့ပြင် ၂၀၂၂ခုနှစ် ဇန်နဝါရီလအစောပိုင်းက တစ်ပတ်အတွင်း ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ အိုမန်၊ ဘာရိန်းနှင့် အီရန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်ဆံရေး ခိုင်မာစေရန် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြသည်။

ထွန်းသစ်စကမ္ဘာစူပါပါဝါဖြစ်သည့် တရုတ်နိုင်ငံသည် အဆိုပါနိုင်ငံများအတွက် နံပါတ်တစ် ကုန်သွယ်ဖက် ဖြစ်လာပြီး အရှေ့အလယ်ပိုင်းတွင် တရုတ်၏ နိုင်ငံရေးသြဇာလွှမ်းမိုးမှုကို နက်ရှိုင်းစေသည်။

ပြီးခဲ့သည့် ၁၀စုနှစ်အတွင်း တရုတ်နိုင်ငံက ပျမ်းမျှ အသုံးပြုသည့် ရေနံလိုအပ်ချက်ထက်ဝက်ကို အရှေ့အလယ်ပိုင်းမှ တင်သွင်းခဲ့သည်။

၂၀၂၀ပြည့်နှစ်က တရုတ်သည် ပါရှန်ပင်လယ်ကွေ့နိုင်ငံများမှ ဒေါ်လာ ၈၂ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိ ရေနံများကို တင်သွင်းခဲ့သည်။

အနောက်နိုင်ငံများကဲ့သို့ မဟုတ်ဘဲ တရုတ်က ရုပ်ကြွင်းလောင်စာများအသုံးပြုမှုကို အလျင်စလို ရပ်ဆိုင်းမည် မဟုတ်ပေ။ အနောက်နိုင်ငံများက ပါရှန်ပင်လယ်ကွေ့မှ ရေနံဝယ်လိုအား လျော့နည်းလာသည်နှင့်အမျှ တရုတ်မှ တင်သွင်းမှုသည် ဒေသတွင်းစီးပွားရေးဘဝအတွက် ပိုမိုအရေးပါလာကြောင်း လေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် စီဂက်စီမီနီဂျတ်က National Interest တွင် ရေးသားခဲ့သည်။

အရှေ့အလယ်ပိုင်းနှင့် အမေရိကန် စီးပွားရေး အကျိုးစီးပွားများ ကွဲပြားနေသည့် လမ်းကြောင်းပေါ် ရောက်နေချိန်တွင် တရုတ်နှင့် ပါရှန်ပင်လယ်ကွေ့နိုင်ငံများ စီးပွားရေးများ ပိုမို ပေါင်းစည်းလာနေသည်ဟု လည်း ၎င်းက ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly