တရုတ်က ဘင်္ဂလားဒေ့ရှ်တွင် အကျင့်ပျက်ခြစားမှု ပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုများကို ထည့်သွင်းပေးနေ

By Corruption Buzz
10 February 2022
တရုတ်က ဘင်္ဂလားဒေ့ရှ်တွင် အကျင့်ပျက်ခြစားမှု ပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုများကို ထည့်သွင်းပေးနေ

တရုတ်က ဘင်္ဂလားဒေ့ရှ်သို့ သံမဏိနှင့် ကွန်ကရစ်များကို တင်ပို့ရုံသာမက အကျင့်ပျက်ခြစားမှု၊ ပွင့်လင်း မြင်သာမှုမရှိမှုနှင့် စွန့်ပစ်ပစ္စည်းများကိုလည်း တင်ပို့လျက်ရှိသည်။

ဝါရှင်တန်အခြေစိုက် လွတ်လပ်သောမီဒီယာအဖွဲ့တစ်ခုဖြစ်သည့် Global Strat View တွင် ပီရာရှာမန်က တရုတ်၏ စီးပွားရေးပြန်လည်နာလန်ထရေး ချဉ်းကပ်မှုသည် အမှိုက်၊ လိမ်လည်မှုနှင့် နိုင်ငံရေးခြယ်လှယ်မှု များဖြင့် ရောနှောလျက်ရှိသည်ဟု ဆိုသည်။

တရုတ်တို့ကြောင့် ဖြစ်စေသည့် အဂတိလိုက်စားမှုသည် ယခုအခါ ဘင်္ဂလားဒေ့ရှ် စီးပွားရေး လုပ်ငန်းများ၏ အလွှာများထဲသို့သာမက အစိုးရလုပ်ငန်းများထဲသို့ပင် စိမ့်ဝင်နေသည်။

ကပ်ရောဂါလွန်ကာလ၌ ဘင်္ဂလားဒေ့ရှ်က စီးပွားရေးပြန်လည်ဦးမော့လာရန် ကြိုးပမ်းရာတွင် တာဝန်ခံမှုကင်းမဲ့ခြင်းနှင့်အတူ စနစ်ကျသော အကျင့်ပျက်ခြစားမှုများနှင့် ပြည့်နှက်နေသည့် တရုတ်ကို ပို၍ မှီခိုလာနိုင်သည့် အခြေအနေတွင် ရှိနေသည်။

ဘင်္ဂလားဒေ့ရှ်ရှိ တရုတ်စီမံကိန်းများ၏ အသေးစိတ်ဖြစ်ရပ်လေ့လာမှုအများအပြားအရ တရုတ်၏ ပွင့်လင်း မြင်သာမှုမရှိသော အကျိုးဆက်များကို ဖော်ပြနေသည်ဟု ရှာမန်က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများသည် လူနှင့် ပတ်ဝန်းကျင်အတွက် ရေရှည်အပျက် သဘော ဆောင်သည့်ရလဒ်များကို ဖန်တီးပေးခြင်းဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် များစွာ ပျက်ကွက်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ရှိ တရုတ်စီမံကိန်းများသည် ငွေပေးချေမှု မမှန်ကန်ခြင်း၊ အလုပ်သမားများအတွက် စက်ရုံ အခြေအနေ ညံ့ဖျင်းခြင်း၊ လက်တွေ့မကျမှုနှင့် အကျင့်ပျက်ခြစားမှုများကို ဖော်ပြနေသည်။

စီးကရက်ဝယ်ယူသည့်အခွန်ကဲ့သို့ အစိုးရ၏ အမိန့်ဖြင့် သီးခြားပုံနှိပ်ရသည့် အခွန်တံဆိပ်များကို ပုံနှိပ်ရာတွင် တရုတ်နိုင်ငံသားများက ပူးပေါင်းဆောင်ရွက်ခဲ့သည့် ရာဇဝတ်မှုတစ်ခု မကြာသေးမီက ဖြစ်ပွားခဲ့ကြောင်း Global Strat View က ဖော်ပြသည်။

ထို့ပြင် တရုတ်ကုမ္ပဏီဖြစ်သည့် 'Digit Anti Fake Company Ltd' (DAFC) သည် နိုင်ငံကူးလက်မှတ်များ၊ မဲစာရွက်များ၊ နိုင်ငံသားစိစစ်ရေးကတ်များနှင့် မွေးစာရင်းလက်မှတ်များ အပါအဝင် အခြားသော စာရွက်စာတမ်း အတုများကို ပုံနှိပ်ထုတ်ဝေရာတွင်လည်း ပါဝင်သည်ဟု ပီရာရှာမန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly