ဒလိုင်းလားမား၏ ကိုယ်စားလှယ်က တိဗက်ဆိုင်ရာ အိန္ဒိယပါလီမန်ဖိုရမ်အကြီးအကဲအသစ် ခန့်အပ်ခြင်းကို ကြိုဆို

ဒလိုင်းလားမား၏ ကိုယ်စားလှယ်က တိဗက်ဆိုင်ရာ အိန္ဒိယပါလီမန်ဖိုရမ်အကြီးအကဲအသစ် ခန့်အပ်ခြင်းကို ကြိုဆို

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ဒလိုင်းလားမားဗျူရိုမှ ကိုယ်စားလှယ် ဂိုဒပ်ဒေါင်ချန်သည် တိဗက်ဆိုင်ရာ အိန္ဒိယပါလီမန်ဖိုရမ် (APIPFT) အား ပြန်လည်အသက်သွင်းခဲ့သော ဆူဂျီကူးမားအား အစည်းအရုံးလူကြီးအဖြစ် မကြာသေးမီက ခန့်အပ်လိုက်ခြင်းအပေါ် ချီးကျူးဂုဏ်ပြုခဲ့သည်။

Rajya Sabha ကောင်စီအမတ် ဆူဂျီကူးမားအားဒါရမ်ရှာလာအခြေစိုက် ဗဟိုတိဗက်အစိုးရအဖွဲ့၏ တိဗက်အတွင်း အခြေအနေနှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းအချက်အလတ်များကို တင်ပြခဲ့ကြသည်။

Tibet.net ၏ သတင်းအရ နှစ်ဖက်ကိုယ်စားလှယ်များသည် အခြားနိုင်ငံများသို့ ထွက်ခွါသွားသော တိဗက်လူထုကြီးအပါအဝင် ကိစ္စရပ်များစွာကို ဆွေးနွေးခဲ့ကြသည်။

ကိုယ်စားလှယ်ဂိုဒပ်က နိုင်ငံရေးကိစ္စများအပြင် ကွန်မြူနစ်တရုတ်၏ ဖျက်ဆီးခံနေရသော တိဗက်ယဉ်ကျေးမှု၊ ဘာသာစကား၊ ဘာသာရေးနှင့် ပတ်ဝန်းကျင်တို့သည်အိန္ဒိယအတွက်လည်း အရေးပါသည့်အတွက် ၎င်းကိစ္စရပ်များကို အိန္ဒိယပါလီမန်သို့ တင်ပြရန် ရှရီကူးမားအား မေတ္တာရပ်ခံခဲ့သည်။

အိန္ဒိယပါလီမန်အမတ်က အဆိုပါအကြောင်းရင်းကို အပြည့်အဝထောက်ခံကြောင်း အခိုင်အမာပြောကြားပြီး တိဗက်လူမျိုးများအတွက် ထောက်ခံအားပေးရာတွင် ဖိုရမ်ကို ပိုမိုတက်ကြွ အားမာန်ပြည့်စေဖို့ အစွမ်းကုန်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောခဲ့သည်ဟု Phayul ၌ ဖော်ပြထားသည်။

ဇန်နဝါရီလအတွင်းက ဖိုရမ်၏ အကြီးအကဲသစ်နှင့် အခြားအဖွဲ့ဝင်များကို နယူးဒေလီရှိ တရုတ်သံရုံးက အဝေးရောက်တိဗက်ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံခြင်းအား ရပ်တန့်ရန်နှင့် အိန္ဒိယအနေဖြင့် တိဗက်လွတ်လပ်ရေးတပ်ဖွဲ့များကို မထောက်ပံ့သင့်ကြောင်း တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly