ပေကျင်း ၂၀၂၂ခုနှစ် ဆောင်းရာသီအားကစားပွဲတော်ကာလအတွင်း အန္တရာယ်ရှိသော ဆိုက်ဘာလုပ်ဆောင်မှုများရှိနိုင်ကြောင်း အမေရိကန်အားကစားသမားများကို FBI သတိပေး

By ANI 02
09 February 2022
ပေကျင်း ၂၀၂၂ခုနှစ် ဆောင်းရာသီအားကစားပွဲတော်ကာလအတွင်း အန္တရာယ်ရှိသော ဆိုက်ဘာလုပ်ဆောင်မှုများရှိနိုင်ကြောင်း အမေရိကန်အားကစားသမားများကို FBI သတိပေး

အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) မှ အမေရိကန်အားကစားသမားများအား ကိုယ်ပိုင် ဆဲလ်ဖုန်းများကို အိမ်၌ ထားရန်နှင့် ပေကျင်း ၂၀၂၂ခုနှစ် ဆောင်းရာသီအားကစားပွဲတော်ကာလအတွင်း တစ်ခါသုံးဖုန်းကိုသာ အသုံးပြုရန်တောင်းဆိုထားပြီး အားကစားပွဲတော်ကာလအတွင်း အန္တရာယ်ရှိသော ဆိုက်ဘာလုပ်ဆောင်မှုများ ဖြစ်ပေါ်နိုင်ကြောင်း ရှင်းလင်းစွာသတိပေးထားကြောင်း Sputnik က ဖော်ပြခဲ့သည်။ .

အမေရိကန်အားကစားသမားများအား ကိုယ်ပိုင် ဆဲလ်ဖုန်းများကို အိမ်၌ ထားရန်နှင့် ပေကျင်း ၂၀၂၂ခုနှစ် ဆောင်းရာသီအားကစားပွဲတော်ကာလအတွင်း တစ်ခါသုံးဖုန်းကိုသာ အသုံးပြုရန် အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) မှ တိုက်တွန်းထားကြောင်း ဖေဖော်ဝါရီ ၁ရက်တွင် ဆိုက်ဘာလုံခြုံရေးနှင့် အခြေခံအအောက်အအုံလုံခြုံရေးအေဂျင်စီ(CISA) က ထုတ်ပြန်ချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

"FBI က အားကစားသမားတွေအားလုံးကို ကိုယ်ပိုင်ဆဲလ်ဖုန်းကို အိမ်မှာထားဖို့နဲ့ ပွဲတွေတက်ရောက်စဉ်မှာ တစ်ခါသုံးဖုန်းအသုံးပြုဖို့ တိုက်တွန်းလိုက်ပါတယ်" ဟု CISA မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အန္တရာယ်ရှိသော ဆိုက်ဘာထိုးဖောက်သူများသည် ဆောင်းရာသီအိုလံပစ်နှင့် မသန်စွမ်းအားကစားပြိုင်ပွဲများကို အနှောင့်အယှက်ဖြစ်စေရန် ကျယ်ပြန့်သော ဆိုက်ဘာလှုပ်ရှားမှုများကို ပြုလုပ်နိုင်ကြောင်း FBI က သတိပေး ခဲ့သည်။

"ဖြစ်ပေါ်နိုင်သည့် ဆိုက်ဘာတိုက်ခိုက်မှုများတွင် DDoS တိုက်ခိုက်မှုများ၊ ransomware၊ malware၊ လူမှုရေးအင်ဂျင်နီယာ၊ အချက်အလက်ခိုးယူမှု သို့မဟုတ် ပေါက်ကြားမှု၊ ဖြားယောင်းမှု၊ မမှန်မကန် လှုံ့ဆော်မှုများနှင့် အတွင်းစည်း ခြိမ်းခြောက်မှုများ ပါဝင်သည်" ဟု CISA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆောင်းရာသီ အိုလံပစ်ပွဲ မတိုင်ခင် ပြည်တွင်း ဝေဖန်သူတွေကို တရုတ်အစိုးရက နှုတ်ပိတ်ထားပြီး တက်ကြွ လှုပ်ရှားသူများကို အိမ်ပြင်မထွက်ခိုင်းခြင်းနှင့် အိုလံပစ်ပွဲမတိုင်ခင် ထောင်ချခြင်းများပြုလုပ်နေကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောကြားထားသည်။

ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်ကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ သို့မဟုတ် အခြားအရာများနှင့် ပတ်သက်သည့် ဆန္ဒပြမှုများ၊ ဝေဖန်မှုများ သို့မဟုတ် ရှုတ်ချမှုများကို တားဆီးရန် ရည်ရွယ်ကာ တရုတ်အစိုးရအနေဖြင့် ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်နိုင်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly