ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်တွင် ဂယ်လ်ဝမ်တိုက်ပွဲ၌ ဒဏ်ရာရရှိခဲ့သော တရုတ် ဒေသဆိုင်ရာ တပ်မှူးက မီးရှူးတိုင်သယ်ဆောင်

ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်တွင် ဂယ်လ်ဝမ်တိုက်ပွဲ၌ ဒဏ်ရာရရှိခဲ့သော တရုတ် ဒေသဆိုင်ရာ တပ်မှူးက မီးရှူးတိုင်သယ်ဆောင်

အိန္ဒိယနှင့် ဖြစ်ပွားခဲ့သော ဂယ်လ်ဝမ်တောင်ကြားနယ်စပ်တိုက်ပွဲ၌ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော တရုတ်စစ်တပ်၏ တပ်ရင်းမှူးသည် ပေကျင်း ၂၀၂၂ခုနှစ်ဆောင်းရာသီ အိုလံပစ်ပွဲတော်ဖွင့်ပွဲတွင် မီးရှုးတိုင်လက်ဆင့်ကမ်းသယ်ဆောင်သူ အဖြစ်ပါဝင်လာခဲ့သည်။

၂၀၂၀ပြည့်နှစ် ဇွန်လ ၁၅ရက်က ဖြစ်ပွားခဲ့သော ဂယ်လ်ဝမ်တောင်ကြားနယ်စပ်တိုက်ပွဲတွင် ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သော ရှင်ကျန်းစစ်ဌာနချုပ်မှ တပ်ရင်းမှူး ချိဖာပေါင်သည် တရုတ်၏ လေးကြိမ်မြောက်အိုလံပစ် လမ်းတိုအမြန်စကိတ်စီးချန်ပီယံ ဝမ်မင်းထံမှ မီးရှူးတိုင်ကို ဖေဖော်ဝါရီ ၂ရက်က ဆောင်းရာသီ အိုလံပစ်ပန်းခြံတွင် လက်ဆင့်ကမ်းယူခဲ့ကြောင်း Global Times သတင်းတွင် ဖော်ပြထားသည်။

၂၀၂၀ပြည့်နှစ်၊ ဇွန်လတွင် အိန္ဒိယနှင့် ဂယ်လ်ဝမ်တောင်ကြားတိုက်ပွဲတွင် တရုတ်က ယင်း၏ ဆုံးရှုံးမှုကို ဖုံးကွယ်ထားသည်ဟု အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

သုတေသနအသစ်အရ တရုတ်စစ်တပ် (PLA) သည် တရားဝင်ကြေညာထားသည်ထက် စစ်သားဦးရေ အနည်းဆုံး ၉ ဆကျော် ဆုံးရှုံးခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

တစ်နှစ်ကြာ စုံစမ်းစစ်ဆေးပြီးနောက် လူမှုမီဒီယာ သုတေသီအဖွဲ့မှ ပြင်ဆင်သည့် အစီရင်ခံစာကို ကိုးကားပြီး သြစတြေးလျသတင်းစာ 'The Klaxon' တွင် ဖော်ပြထားသည့် ဆောင်းပါးတစ်ခုအရ တရုတ်တပ်ဖွဲ့ဝင် ၃၈ ဦးထက် မနည်းသည် အမှောင်ထုအတွင်း သုညအောက်အေးနေသော လျင်မြန်စွာစီးဆင်းနေသည့် မြစ်ကို ဖြတ်ကူးစဉ် ရေနစ်သေဆုံးခဲ့ကြောင်း ဆိုသည်။

သို့သော် တရုတ်က စစ်သား ၄ ဦး သေဆုံးကြောင်း အတည်ပြုခဲ့ပြီး ဒု-တပ်ကြပ် ဝမ်ကျူရမ်တစ်ဦးသာ ရေနစ်သေဆုံးခဲ့ ကြောင်း ဖော်ပြခဲ့သည်ဟု စုံစမ်းစစ်ဆေးရေး သတင်းစာက ဖော်ပြခဲ့သည်။

Weibo အသုံးပြုသူ အများအပြားကို ကိုးကားပြီး အစီရင်ခံစာတွင် "ဝမ်နှင့်အတူ တပ်ဖွဲ့ဝင် ၃၈ ဦးထက် မနည်းသည် ထိုညတွင် မျောပါသွားပြီး ရေနစ်သေဆုံးသွားသော်လည်း တရားဝင်သေဆုံးသူ ၄ ဦးအနက်မှ ဝမ်တစ်ဦးတည်းသာ ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly