တနင်္သာရီတိုင်းတွင် COVID-19 အတည်ပြု လူနာသစ် ၃၀ ကျော်တွေ့

တနင်္သာရီတိုင်းတွင် COVID-19 အတည်ပြု လူနာသစ် ၃၀ ကျော်တွေ့

ဖေဖော်ဝါရီ ၁၀

တနင်္သာရီတိုင်း ခရိုင် သုံးခုတွင် ယခုရက်ပိုင်း အတွင်း COVID-19 အတည်ပြု လူနာသစ် ၃၂ ဦး စစ်ဆေး တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ် အလိုက် ကျန်မာရေး ဦးစီးဌာနများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

တိုင်းအတွင်းရှိ မြိတ်၊ ထားဝယ်နှင့် ကော့သောင်း ခရိုင်တို့မှ ခရီးသွားလာမည့် သူများနှင့် ဒေသတွင်း နေထိုင်သူများကို စစ်ဆေးခဲ့ရာမှ ထားဝယ်ခရိုင်တွင် ခြောက်ဦး၊ မြိတ်ခရိုင်တွင် ၁၃ ဦး ၊ ကော့သောင်းခရိုင်တွင် ၁၃ ဦး စုစုပေါင်း ၃၂ ဦး စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

"အဓိက ကတော့ COVID-19 ရောဂါပိုး ပြန်တွေ့တာက ခရီးသွား ပြန်လာတဲ့ သူတွေ ဆီက များပါတယ်" ဟု မြိတ်မြို့ ကျန်းမာရေး အဖွဲ့စည်း တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိ COVID-19 ရောဂါ ကူးစက်ထား သူများကို စစ်ကောင်စီ၏ လက်အောက်ခံ Positive Centre နှင့် Quarantine Centre များအတွင်း အသွားအလာ ကန့်သတ် ထားရှိပြီး ၎င်းတို့နှင့် ဆက်စပ် သူများကိုမူ Home Quarantine ဖြင့် ထားရှိကြောင်း သက်ဆိုင်ရာ မြို့ခံများထံက သိရသည်။

တနင်္သာရီ တိုင်းအတွင်း COVID-19 ကူးစက်မှု တ​စ်ကျော့ပြန် ရှိလာသည့် ခရိုင်နှင့် မြို့နယ်များတွင် စစ်တပ် လက်အောက်ခံ အဖွဲ့များက Quarantine Centre များကို စတင် ပြင်ဆင်နေသည်။ ထို့ပြင် ရောဂါ ထိန်းချုပ်ရန်ဟု ဆိုကာ လမ်းသွား လမ်းလာ ပြည်သူများကို ဆေးလက်မှတ် မပါလျှင် စစ်ဆေး အရေးယူပြီး ဒဏ်ငွေ ၅၀၀၀ ကျပ်ဖြင့် သတ်မှတ်ကာ တောင်းယူကြောင်း ဒေသခံများထံက သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required