ပါကစ္စတန်အစိုးရ၏ အကျင့်ပျက်ခြစားမှုကို အတိုက်အခံခေါင်းဆောင် ပြင်းထန်စွာ ဝေဖန်

ပါကစ္စတန်အစိုးရ၏ အကျင့်ပျက်ခြစားမှုကို အတိုက်အခံခေါင်းဆောင် ပြင်းထန်စွာ ဝေဖန်

ဝန်ကြီးချုပ် အီမရန် ခန်း၏ ဦးဆောင်နေသည့် ပါကစ္စတန်နိုင်ငံသည် နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (IT) ၏ အကျင့်ပျက်ခြစားမှု အညွှန်းကိန်း (CPI) တွင် တစ်နှစ်တာအတွင်း အဆင့် ၁၆ ဆင့် လျော့ကျခဲ့ခြင်းကြောင့် ဆီးနိတ်လွှတ်တော်တွင် အတိုက်အခံ ပါကစ္စတန် ပြည်သူ့ပါတီ (PPP) ၏ ပါလီမန်ဆိုင်ရာ ခေါင်းဆောင်ဖြစ်သည့် ရှာရီ ရာမန်က အစိုးရအပေါ် အပြင်းအထန် ဝေဖန်ခဲ့သည်။

အီမရန် ခန်း အစိုးရ၏ တစ်ခုတည်းသော လုပ်ငန်းစဉ်သည် အကျင့်ပျက်ခြစားမှု ကျူးလွန်ရန်နှင့် ယင်းအပေါ် ဆန့်ကျင်အတိုက်အခံပြုမှုများကို ဟန့်တားရန်ပင် ဖြစ်ခဲ့ကြောင်း အထက်လွှတ်တော်အမတ် ရာမန်က ပြောခဲ့သည်။

ရာမန်သည် ဆီးနိတ်လွှတ်တော်၌ နိုင်ငံ၏ ကုန်သွယ်မှုလိုငွေ ကြီးထွားလာနေမှုနှင့် စပ်လျဉ်းသည့် သတိပေး အကြောင်းကြားချက်တစ်ခုနှင့် ပတ်သက်ပြီး ပြောဆိုခဲ့စဉ် အစိုးရအပေါ် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန်ကို ဆိုးဝါးစွာ ရလဒ်ဖြစ်ပေါ်စေသည့်အပေါ် အစိုးရအနေဖြင့် တာဝန်ခံရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

“အာဏာရ အစိုးရဟာ သူတို့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ကမ်ပိန်းကာလတစ်ခုလုံးနဲ့ ရွေးကောက်ပွဲအလွန် ကာလမှာ ကတိကဝတ်တစ်ခုတည်းအပေါ်မှာပဲ အခြေတည် ပြောဆိုထားခဲ့တာပါ။ အဲဒါကတော့ ပါကစ္စတန်မှာ အကျင့်ပျက်ခြစားမှုတွေ အဆုံးသတ်ဖို့ဆိုတာပဲဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှု ဆိုပြီး မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားခဲ့ပေမယ့် သိသာထင်ရှားလာတာကတော့ ဒီ အကြိမ်ကြိမ် ပြောဆိုဆွေးနွေးပြီးသား ကိစ္စတစ်ခုတည်းအပေါ်မှာတောင်မှ အစိုးရဟာ ဆိုးဆိုးဝါးဝါး ပျက်ကွက်ထားခဲ့ပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှုအဖွဲ့ရဲ့ စစ်တမ်းရဲ့ စံပေတံ တိုင်းတာချက်အရ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေ ကြီးထွားလာတာနဲ့ပတ်သက်လို့ အရှက်စရာ ဖော်ပြခံခဲ့ရပါတယ်။ ကျွန်မတို့ အရင်တုန်းက ဒီအဖွဲ့အစည်းရဲ့ ပြည်တွင်း တွေ့ရှိချက်အချို့ကို မေးခွန်းထုတ်ခဲ့ချိန်တုန်းကဆိုရင် အီမရန် ခန်းဟာ အတိုက်အခံတွေကို ဝေဖန်ရာမှာ ဒါကို ရည်မှန်းချက်တစ်ခုအနေနဲ့ ကိုးကားပါလိမ့်မယ်” ဟု သူမက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly