တရုတ်ကွန်မြူနစ်ပါတီက ဝီဂါများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးဖိရန် အိုလံပစ်ပွဲကို အသုံးချ

By The Hong Kong Post
08 February 2022
တရုတ်ကွန်မြူနစ်ပါတီက ဝီဂါများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးဖိရန် အိုလံပစ်ပွဲကို အသုံးချ

ပေကျင်းအိုလံပစ်ပွဲတော်မတိုင်မီ ရက်အနည်းငယ်အလိုက ဝဘ်ဆိုက်ဆွေးနွေးပွဲတစ်ခု၌ ဝီဂါအရေး တက်ကြွလှုပ်ရှားသူနှင့် လူ့အခွင့်အရေးကျွမ်းကျင်သူအချို့က ဆောင်းရာသီအားကစားပွဲတော်သည် တရုတ်နိုင်ငံရှိ မွတ်စလင်လူနည်းစုအသိုင်းအဝိုင်းအပေါ် အခွင့်အရေးချိုးဖောက်မှုကို အကြွင်းမဲ့ သဘောတူလက်ခံရာ ရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။ တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ၂၀၀၀ ပြည့်နှစ်အလွန် အစောပိုင်းကတည်းက ဝီဂါများအား ၎င်းတို့၏ မွတ်စလင်အထောက်အထားကြောင့် အကြမ်းဖက်သမားများအဖြစ် အလွယ်တကူပင် တံဆိပ်ကပ်ခဲ့ကြောင်း World Uyghur Congress အမှုဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ အီရှက်ဟာဆန်ကော့ဘိုရီက ပြောကြား သည်။

ကော့ဘိုရီသည် ဇန်နဝါရီ ၂၇ ရက်က "CCP ၏ ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုနှင့် ပေကျင်းအိုလံပစ်ကို သံတမန်ရေးအရ သပိတ်မှောက်ခြင်း" ခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲတွင် ထိုသို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

တရုတ်သည် ရှင်ကျန်းကို သိမ်းပိုက်ပြီးကတည်းက ဝီဂါများသည် တရုတ်ကပြုလုပ်သော လူမျိုးတုံး သတ်ဖြတ်မှုကို ခံစားနေရကြောင်း ကော့ဘိုရီက ပြောသည်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီသည် ၁၉၃၆ ခုနှစ် အိုလံပစ်တွင် နာဇီများနှင့် ပြုလုပ်ခဲ့သည့်အတိုင်း တရုတ်နိုင်ငံ၏ ရက်စက်ယုတ်မာမှုများကို တရားဝင်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ဝီဂါ၊ တိဗက်လူမျိုးများနှင့် အခြားဖိနှိပ်ခံပြည်သူများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို ဖုံးကွယ်ရန် အိုလံပစ်ပွဲတော်ကို အသုံးချလိမ့်မည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly