ဗြိတိန်တွင် ရောက်ရှိနေသည့် ဟောင်ကောင်သားအများစု နေရပ်ပြန်ရန် အစီအစဉ်မရှိ

By Indiablooms
08 February 2022
ဗြိတိန်တွင် ရောက်ရှိနေသည့် ဟောင်ကောင်သားအများစု နေရပ်ပြန်ရန် အစီအစဉ်မရှိ

ဗြိတိန်င်ငံသားဖြစ်ခွင့်လမ်းကြောင်းအတွက် အောင်မြင်စွာ လျှောက်ထားခဲ့သော ဟောင်ကောင်သားအများစုသည် တက္ကသိုလ်ပညာတက်များ၊ အိမ်ထောင်သည်များ သို့မဟုတ် ကလေးနှင့် သက်ဆိုင်သည့် ကိစ္စရှိသူများဖြစ်ပြီး ဟောင်ကောင်သို့ပြန်ရန် အစီအစဉ်မရှိကြောင်း ဗြိတိန်အိုအိမ်ရုံးမှ ကောက်ယူခဲ့သော စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

စစ်တမ်းကို ၂၀၂၁ခုနှစ်တွင် ဗြိတိန်တွင်နေထိုင်သော ဗြိတိန်နိုင်ငံသား (ပြည်ပမှ) ဗီဇာကိုင်ဆောင်သူ ၅၀ဝ ကို တွေ့ဆုံလူတွေ့မေးမြန်းကာ ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်တွင် ကောက်ယူခဲ့သည့် ယင်းစစ်တမ်းကို တစ်နှစ်တိတိတိပြည့်သည့်အချိန်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု South China Morning Post က ဖော်ပြခဲ့သည်။

"BN(O) ဗီဇာကိုင်ဆောင်သူများ" အကြောင်းကို ပိုမိုနားလည်သဘောပေါက်ရန် သုတေသနများ ဆက်လက်လုပ်ဆောင်ရန် တာဝန်ပေးအပ်ခဲ့သည်ဟု အိုးအိမ်ရုံးက ဆိုသည်။

တရုတ်အစိုးရက နိုင်ငံတကာဥပဒေအရ ပေးအပ်ထားသည့် ယင်း၏ ကတိကဝတ်များကို ချိုးဖောက်ကာ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေကို ၂၀၂၀ပြည့်နှစ်တွင် ပြဌာန်းခဲ့သည်။

ဗီဇာက ၎င်းတို့၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကန့်သတ်ခံထားရသော ဟောင်ကောင်ပြည်သူများနှင့် ပတ်သက်ပြီး ဗြိတိန်၏ သမိုင်းဝင် ကျင့်ဝတ်ဆိုင်ရာ ကတိကဝတ်များကို ထင်ဟပ်စေသည်။

ဗြိတိန်နိုင်ငံသား (နိုင်ငံရပ်ခြား) (BN(O)) အဆင့် ဗီဇာရရှိထားသူများနှင့် အကျုံးဝင်သည့် မိသားစုဝင်များသည် ဗြိတိန်သို့ လာရောက်နေထိုင်၊ ပညာသင်ကြားရန်နှင့် အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ဗြိတိန်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြားဗီဇာများကဲ့သို့ပင် ဗြိတိန်တွင် ၅ နှစ်နေထိုင်ပြီးပါက ၎င်းတို့သည် အခြေချနေထိုင်ခွင့်ကို လျှောက်ထားနိုင် မည်ဖြစ်ပြီး နောက် ၁၂ လအကြာတွင် ဗြိတိန်နိုင်ငံသားအဖြစ် လျှောက်ထားနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly