မန္တလေးမြို့ သပိတ်နှင့်ပတ်သက်၍ လူငယ် ၆ ဦးဖမ်းဆီးခံရ

မန္တလေးမြို့ သပိတ်နှင့်ပတ်သက်၍ လူငယ် ၆ ဦးဖမ်းဆီးခံရ

ဖေဖော်ဝါရီလ ၉ ရက်

မန္တလေးမြို့ စစ်အာဏာရှင်ပြုတ်ကျရေးသပိတ်တွင် ပါဝင်သည်ဆိုကာ လူငယ်ခြောက်ဦးကို စစ်ကောင်စီတပ်က ယနေ့ညနေပိုင်းတွင် ဖမ်းသွားခဲ့ကြောင်း သိရသည်။

အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဖော်ပြပေးနေသည့် ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာ တစ်ခုကလည်း"အင်အားအများအပြားနဲ့ပိတ်ဆို့ပြီး ဖမ်းဆီးသွားပါတယ်။နာမည်များမေးခြင်းသည်းခံပါ။သက်ဆိုင်သူများရှောင်နေပါ။"ဟု ဖော်ပြထားသည်။

မန္တလေးမြို့တွင်စစ်ကောင်စီကအတင်းအကြပ်ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေသည့်ကြားမှ ယနေ့နေ့လည်ပိုင်းကလည်း မန္တလေးသပိတ်အဖွဲ့ဦးဆောင်သည့်အာဏာရှင်ဆန့်ရှင်းရေးသပိတ်ပြုလုပ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required