ပေကျင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ထပ်မံတွေ့ပြီးနောက် ခရိုင် ၂ ခုကို အသွားအလာကန့်သတ်

ပေကျင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ထပ်မံတွေ့ပြီးနောက် ခရိုင် ၂ ခုကို အသွားအလာကန့်သတ်

တရုတ်နိုင်ငံတွင် အသွားအလာကန့်သတ်ခြင်းသည် အဆုံးမသတ်သေးဘဲ ပြည်သူများ ကြုံတွေ့နေရဆဲဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ကိုဗစ်ရောဂါကူးစက်ခံရသူ ၂၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ပေကျင်းရှိ နောက်ထပ်ခရိုင် ၂ ခုကို အသွားအလာပိတ်ဆို့ကာထောင်နှင့်ချီသောပြည်သူများကို ကန့်သတ်မှုအောက်တွင် ထားရှိခဲ့သည်။

အာဏာပိုင်များသည် လူဦးရေ ၂ ဒသမ ၂၆ သန်းခန့်ရှိသည့် ဖန်တိုင်ခရိုင်ရှိ အိမ်ရာဝင်းများနှင့် လူဦးရေ ၆၈,၀၀၀ ခန့်ရှိသော ချောင်ယန်းခရိုင်ရှိ အန်ကျန်းလီရပ်ကွက်တို့ကို ပြီးခဲ့သည့် ရက်အနည်းငယ်က အသွားအလာ ပိတ်ဆို့ထားခဲ့သည်။

အန်ကျန်းလီနှင့် ဖန်တိုင်းရှိ အိမ်ရာဝင်းနှစ်ခုလုံးတွင် နေထိုင်သူများကို နေအိမ်များမှ ထွက်ခွါခွင့်မပေးဘဲ နေ့စဉ် စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်သည်။

သီတင်းပတ်ကုန်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအနည်းငယ်တွေ့ရှိပြီးနောက် ပေကျင်းမြို့ အနောက်တောင်ဘက် မိုင် ၆၀ အကွာရှိ စီးပွားရေးဇုန်သစ်ဖြစ်သည့် ရှောင်အန်းဧရိယာသစ်ရှိ လူ ၁ ဒသမ ၂ သန်းကို အိမ်၌သာနေကြရန် ညွှန်ကြားခဲ့သည်။

ကြေညာချက် တစ်စုံတစ်ရာမထုတ်ပြန်ဘဲ အသွားအလာကန့်သတ်ချက်ကို ရုတ်တရက် ချမှတ် လိုက်ခြင်းဖြစ်သည်။

ကန့်သတ်ချက်အသစ်များချမှတ်လိုက်ကြောင်းကိုဒေသဆိုင်ရာဗိုင်းရပ်စ်ကာကွယ်ရေးဝန်ထမ်းများက AFP သို့ ဖေဖော်ဝါရီ ၅ ရက်တွင် အတည်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly