တရုတ်ကို ရင်ဆို်ငရာတွင် ဗြိတိန်က ဥရောပပြင်ပကို ကျော်လွန်စဉ်းစားရန်လိုအပ်ဟု အိန္ဒိယထိပ်တန်း အရာရှိပြောကြား

တရုတ်ကို ရင်ဆို်ငရာတွင် ဗြိတိန်က ဥရောပပြင်ပကို ကျော်လွန်စဉ်းစားရန်လိုအပ်ဟု အိန္ဒိယထိပ်တန်း အရာရှိပြောကြား

ဗြိတိန်အကြံပေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Global Britain Center ဖွင့်ပွဲ၌ အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားရေးရာ ထိပ်တန်းအာဏာပိုင်တစ်ဦးက ဗြိတိန်နိုင်ငံသည် အန္တရာယ်ရှိသော တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုကို တိုက်ဖျက်ရန် ဥရောပပြင်ပကို ကျော်လွန်စဉ်းစားရန်လိုအပ်ကြောင်း ပြောကြားသည်။

လန်ဒန်မြို့ရှိ Carlton Club ၌ ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်သော အဆိုပါ စင်တာဖွင့်ပွဲတွင် နယူးဒေလီရှိ မူဝါဒသုတေသနစင်တာမှ မဟာဗျူဟာလေ့လာရေး ပါမောက္ခ ဘရာမာချယ်လန်နီက တရုတ်နိုင်ငံ၏ အန္တရာယ်ရှိသော အာဏာရှင်အရင်းရှင်စနစ်ကို တန်ပြန်နိုင်ရေးအတွက် ပိုမိုထိရောက်သော အခန်းကဏ္ဍမှ ပါဝင်ရန် ဗြိတိန်အား တိုက်တွန်းခဲ့ကြောင်း စင်တာ၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပါမောက္ခ ချယ်လန်နီက "ဗြိတိန်ဟာ မိတ်ဆွေတွေနဲ့ ပိုမို အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ဖို့ အင်ဒို-ပစိဖိတ်ဒေသမှ ယုံကြည်မှုရှိရှိနဲ့ ဆက်လှမ်းဖို့ လိုပါတယ်။ ဗြိတိန်ဟာ အရေးပါတဲ့ဒေသမှာ ပိုမိုကျယ်ပြန့်တဲ့အခန်းကဏ္ဍကနေ ပါဝင်နိုင်ဖို့ အင်ဒို-ပစိဖိတ်ဒေသမှာ မိတ်ဖက်ဆက်ဆံရေးတွေ တည်မြှင့် တည်ဆောက်ဖို့လိုအပ်ပါတယ်” ဟု ပြောခဲ့သည်။

အိန္ဒိယနယ်စပ်တွင် တပ်စွဲထားသည့် ထောင်နှင့်ချီသော တရုတ်တပ်ဖွဲ့ဝင်များကို ထောက်ပြကာ တရုတ်အစိုးရ၏ အာဏာရှင်ဆန်သော အရင်းရှင်စနစ်နှင့်ပတ်သက်၍ စိုးရိမ်ကြောင်းလည်း ချယ်လန်နီက ပြောခဲ့သည်။

“တရုတ်ဟာ သူ့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဒါမှမဟုတ် ရှင်ကျန်းလူမျိုးတုံးသတ်ဖြတ်မှုတွေ အတွက် ရှုတ်ချခံရလောက်အောင် ဆိုးရွားလှပါတယ်။ ဒါဟာ တရုတ်မှာ မွတ်စလင် ၁ သန်းကျော်ကို ထိန်းသိမ်း ထားတဲ့အပေါ် နိုင်ငံတကာက နှုတ်ဆိတ်နေတာကြောင့်ပါ” ဟု ချယ်လန်နီက ထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားကို ပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ် ၃၀ ကျော်နှင့် သံအမတ်ကြီး ၁ ဒါဇင်ခန့် တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်းထုတ်ပြန်ချက်အရ စင်တာ၏ရည်ရွယ်ချက်သည် ကျန်ကမ္ဘာ့နိုင်ငံများနှင့်ဆက်ဆံရာတွင် ဗြိတိန်၏ အပြုသဘောဆောင်သောအမြင်ကို မြှင့်တင်ရန် ကမ္ဘာတစ်ဝှမ်းလုံးရှိ ဗြိတိန်နိုင်ငံသားများ ပါဝင်ပူးပေါင်း ဆောင်ရွက်စေရန်ဖြစ်သည်။

ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကလည်း စင်တာဖွင့်ပွဲအတွက် ဆုတောင်းပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly